ရည်းစားဖြစ်သူကို ရွှေနဲ့လုပ်ထားတဲ့ သိန်း ၆၀ တန် ဖုန်းကာဗာဝယ်ပေးတဲ့ ရွှေမှုန်ရတီ

မြန်မာနိုင်ငံရဲ့ ဆယ်ကျော်သက် ထိပ်တန်းအနုပညာရှင်တစ်ဦးဖြစ်သူ ရွှေမှုန်ရတီဟာ သူမက "မောင်" လို့ခေါ်တဲ့ သူမရဲ့ချစ်သူအတွက် မြန်မာငွေသိန်း ၆၀ နီးပါးရှိတဲ့ ULTIMATUM GOLD နဲ့လုပ်ထားတား ဖုန်းကာဗာ လက်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ ယခုလတ်တလောမှာ ခန္ဓာကိုယ်အသားပေးပုံတွေ အတင်များတာကြောင့် ပရိသတ်ဝေဖန်မှုတွေ ခံနေရပေမယ့်လည်း သူမကတော့ နောက်လည်းထပ်တင်ဦးမယ်လို့ ဆိုပါတယ်။ ချစ်သူရှိကြောင်း ပရိသတ်ကိုအသိပေးထားပေမယ့်လည်း သူမချစ်သူ ဘယ်သူဘယ်ဝါဆိုတာကိုတော့ အတိအလင်းကြေညာခြင်းမရှိသေးတဲ့အတွက် ပရိသတ်တွေလည်း ရင်ခုန်စွာ စောင့်စားနေကြပါတယ်…

သူမချစ်သူနဲ့ အတူကိုင်ဖို့ သူမအတွက်ပါ ဆင်တူတစ်ခုဝယ်ယူခဲ့ပြီး သူမရဲ့ official facebook မှတစ်ဆင့် ပရိသတ်တွေကို ချပြခဲ့တာပဲဖြစ်ပါတယ်………

"ULTIMATUM GOLD

24kt GOLD LIMITED. EDITION.

Luck man

For Mg

From me

တစ်ခုက စမီးဟာ" ဆိုပြီး သူမရဲ့ လူမှုစာမျက်နှာမှာ ရေးသားပြီး အောက်ပါပုံတွေနှင့်တကွ ဖော်ပြထားတာတွေ့ရပါတယ်။

Source: Shwe Hmone Yati

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။