လူဝင်စားဆိုတာတကယ်ရှိတယ်မရှိဘူးဆိုတာယနေ့အချိန်ထိလူသားတွေကြားမှာ ငြင်းခုန်နေကြဆဲကိစ္စတစ်ခုဖြစ်ပါတယ်။လူဝင်စားတကယ်ရှိတယ်ဆိုတာသက်သေပြခဲ့သူကတော့ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကျွန်းလှမြို့မှာနေထိုင်တဲ့ ကိုနိုင်ဝင်း နဲ့မရီရီနှင်း ရဲ့သမီးအငယ်ဆုံးလေး အမည်က မအိသဇင်နိုင်ပဲဖြစ်ပါတယ်။

၄နှစ်အရွယ်တုန်းက မိဘများနှင့်အတူ ဘုရားဖူးရင်း နိုင်ငံခြားသားနှစ်ဦးအား သွားရောက်နှုက်ဆက်စကားပြောရာမှ သတိထားမိပြီး မိဘများမှာအံ့သြခဲ့ရတယ်။မိဘများမှာ ဘွဲ့ရပညာတတ်များမဟုတ်ဘဲ သာမန်အရောင်းအဝယ် လုပ်ကိုင်သူများဖြစ်ပြီး ယခုမှာသူမအသက်က ( ၆)နှစ်အရွယ်သာ ရှိပါသေးတယ်။စကားပြောတတ်သည်အရွယ်ထဲက အင်္ဂလိပ်ဇာတ်ကားများမှ စကားသံကို မိဘများအား မြန်မာလို ပြန်လည် ပြောပြတတ်ပါတယ်။

သူမရဲ့အရင်ဘဝ သူ့နာမည်က ဂျင်မီ ဖြစ်တယ်လို့ပြောပြခဲ့ပါတယ်။အင်္ဂလန် နိုင်ငံသားဖြစ်ပြီး ဒေါက်တာလို့လည်းသူမက ပြောပါတယ်။သူမရဲ့အိမ်က အထပ်အများကြီးနဲ့ဆောက်ထားပြီး ဘောလုံးအသင်းတစ်သင်းရဲ့ ဆရာဝန်ဖြစ်တယ်လို့ အရင်ဘဝက အကြောင်းကို တစ်ခါတစ်လေမှပြောပြတတ်ပါတယ်။သူမရဲ့နိင်ငံခြာသားနဲ့စကားပြောတဲ့ဗီဒီယိုကိုအောက်မှာ မျှဝေပေးလိုက်ပါတယ်။

source : မောင်​ကာဠု ( ကျွန်းလှ )

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။