Cele Cele Small လို့ခေါ်တဲ့ Facebook က Page တစ်ခုဟာ မြန်မာပြည်မှာကျော်ကြားတဲ့ အနုပညာရှင်တွေရဲ့ အတင်းအဖျင်းသတင်းတွေ၊ နောက်ကြောင်းတွေကိုဖော်တတ်လို့ နာမည်ကြီးပါတယ်။ အနုပညာရှင်တွေကြောက်လန့်နေရတဲ့ Page တစ်ခုလို့ပြောလဲမမှားပါဘူး။

ဒါပေမယ့် ဒီ Page ကနေပြီး ဝတ်မှုံရွှေရည်ရဲ့ နောက်ကြောင်းကို ဖော်ဖို့ အရိပ်အယောင်ပြလာတဲ့အခါမှာတော့ ဝတ်မှုံရွှေရည်ဘက်ကနေ လက်တုံ့ပြန်ခဲ့ပါတယ်။ ဘန်ကောက်ကနေ မြန်မာပြည်ကို ပြန်ရောက်လာတဲ့ ဂေးအလှမယ် မျိုးကိုကိုစန်းကို လေဆိပ်မှာ Page နောက်ကွယ်ကကြိုးကိုင်သူ၊ သံသယရှိသူအဖြစ် ဖမ်းဆီးခဲ့ပါတယ်။ တရားလိုဟာ သရုပ်ဆောင်ဝတ်မှုံရွှေရည်ဖြစ်တယ်လို့ တာဝန်ရှိသူတွေကနေ ပွင့်ပွင့်လင်းလင်းပြောကြားခဲ့ပါတယ်။

ဒါပေမယ့် လူတစ်ယောက်ကိုဖမ်းဆီးတဲ့နေရာမှာ သက်သေအခိုင်အလုံမရှိဘဲ သံသယတစ်ခုတည်းနဲ့ မျိုးကိုကိုစန်းကို ဖမ်းဆီးခေါ်ဆောင်သွားတာကြောင့် မျိုးကိုကိုစန်းရဲ့ပရိသတ်တွေဟာ ဒေါသူပုန်ထခဲ့ကြရပါတယ်။ ယောကျာ်းအဖြစ်ကနေ မိန်းမအဖြစ်ခံယူထားတဲ့ ဂေးအလှမယ်ဖြစ်တဲ့ မျိုးကိုကိုစန်းဟာ တရားရုံးမှာ တတိယလိင်အဖြစ်သတ်မှတ်ခံခဲ့ရပြီး လိင်အမျိုးအစားမေးတဲ့အခါ မိန်းမစိတ်ရှိနေပေမယ့် ကျားလို့သာဖြေဆိုခဲ့ရပါတယ်။

အဖမ်းခံရပြီးမကြာခင်မှာပဲ Page ဘက်ကနေ မျိုးကိုကိုစန်းဟာ Page ကို ကြိုးကိုင်သူမဟုတ်သလို ဘာမှမသက်ဆိုင်ဘူးရယ်လို့ အထောက်အထားတွေနဲ့ ပြသလာခဲ့သလို ယနေ့မှာတော့ ဂေးအလှမယ်မျိုးကိုကိုစန်းကို သေချာစစ်ဆေးအပြီး ပြန်လွှတ်လိုက်ပြီလို့ ဆိုပါတယ်။

ဒါပေမယ့် သံသယတစ်ခုတည်းနဲ့တင် အမှုကိုတရားလိုဆောင်ရွက်ခဲ့တဲ့ ဝတ်မှုံရွှေရည်အပေါ် ပရိသတ်တွေက မျက်မုန်းကျိုးခဲ့ကြပါတယ်။ မျိုးကိုကိုစန်းအနေနဲ့ ဝတ်မှုံရွှေရည်ကို ပြန်လည်တရားစွဲဆိုနိုင်တဲ့ အနေအထားမှရှိပြီး လက်ရှိမှာတော့ ပရိသတ်အတော်များများဟာ မျိုးကိုကိုစန်းဘက်ကနေ အားပေးနှစ်သိမ့်လျက်ရှိပါတယ်။

ကစ်ကစ်ဘက်ကနေ ပြန်လည်ပြောဆိုတဲ့ အမာခံပရိသတ်တွေလဲရှိခဲ့ပြီး အဆိုပါ Cele Cele Small page ကနေ အနုပညာရှင်တွေနောက်ကြောင်းကို ဖော်ခဲ့ရာမှာ နာမည်ပျက်သူအများအပြားရှိခဲ့ပေမယ့် သရုပ်ဆောင်ဝတ်မှုံရွှေရည်အလှည့်မှာတော့ ရုတ်တရက် နောက်ကွယ်ကကြိုးကိုင်သူကို မရမက လိုက်လံဖော်ထုတ်နေခဲ့တာပဲဖြစ်ပါတယ်။

Photo credit : cele cele small, myo koko san facebook, wut home shwe yi facebook

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။