အခုလို မိုးအေးအေးနဲ့ အပြင်ထွက်ရမှာ စိတ်အနှောင့်အယှက် ဖြစ်တဲ့ သူတွေ အတွက်တော့ အိမ်မှာပဲ ဟင်းချက်စားလို့ရမယ့် နည်းလမ်းလေးကို ဖော်ပြပေးလိုက်ပါတယ်။ ဟင်းသီး ဟင်းရွက် အစုံနီးပါး ပါဝင်တာမို့ ကျန်းမာရေးနဲ့လည်း သင့်တော်ပါတယ်။ အသားဟင်းတွေပဲ စားရတာ ငြီးငွေ့နေသူတွေဖြစ်ဖြစ်၊ အသားဟင်းနှင့် တွဲဖက်စားသုံးရန်ဖြစ်ဖြစ် ဖော်ပြပါ ကြက်ကုန်းဘောင်ကြော်နည်းကို အသုံးပြုနိုင်ပါတယ်။ လိုအပ်သော ပစ္စည်းများနှင့် ပြုလုပ်ပုံ အဆင့်ဆင့်ကိုပါ ဖော်ပြပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

ကြက်သား ၁၀ ကျပ်သား ခန့်

ကြက်သွန်ဖြူ ၅ မွှာ

ကြက်သွန်နီ အကြီးတစ်လုံး

မုန်လာဥနီ တစ်လုံး

ဘိုစားပဲ အနည်းငယ်

ရွှေပဲ အနည်းငယ်

ဂေါ်ဖီ ပန်းပွင့်

ငရုပ်ပွ ၂ တောင့်

ခရမ်းချဉ်သီး ၄ လုံးခန့်

အသားမှုန့်၊ ဆား၊ ကော်မှုန့် အနည်းငယ်

ပြုလုပ်ပုံ အဆင့်ဆင့်

ကြက်သား၁၀သားခန့်ကို အတုံးလေးတွေ လှီးထားပြီး အသားမှုန့်၊ ဆား၊ ကော်မှုန့် အနည်းငယ်နှင့် နယ်ထားပါ။

ကြက်သွန်နီ အကြီး တစ်လုံးကို ၈စိပ် စိပ်ထားပါ။

ကြက်သွန်ဖြူ ၅မွှာ ဂျင်းတို့ကိုဓားပြားရိုက်ထားပါ။

မုန်လာဥနီ၊ ဘိုစားပဲ၊ ရွှေပဲသီးတို့ကို လက်တစ်ဆစ်ခန့် လှီးထားပါ။

ဂေါ်ဖီပန်းပွင့်၊ ငရုပ်ပွ ၊ ခရမ်းချဉ်သီးတို့ကို စိပ်ကွဲလေးတွေ လှီးထားပါ။

ဒယ်အိုးထဲသို့ ဆီ ၅ ကျပ်သားခန့်ထည့်ပြီး ကြက်သားကိုကြော်ပါ။ အသားနီလာတဲ့အခါ ဖယ်ထုတ်လိုက်ပါ။

ငရုတ်သီးခြောက်ကို မီးပိတ်ပြီးနောက်မှ ဆီပူထဲသို့ ထည့်ကြော်ပါ။

ကြက်သားကြော်ထားသော ဆီတွင် ကြက်သွန်ဖြူ/ နီ နှင့် ဂျင်းတို့ကို ထည့်ပါ။ ထို့နောက် အသီးအရွက်ထည့်ကြော်ပါ။

သေချာမွှေပါ။ ၃ မိနစ်ခန့် ကြာတဲ့အခါ ပဲငံပြာရည် အနောက် အနည်းငယ်၊ ကော်မှုန့် အနည်းငယ်၊ ကြက်သားမှုန့် နှင့် ဆားတို့ကို ထည့်ပါ။

ထို့နောက် ၂ မိနစ်ခန့် သမအောင် မွှေပေးပါ။

မီးအပူပိတ်ပြီးနောက်မှ ကြော်ထားသော ငရုတ်သီးခြောက်ကို ထည့်ပါ။

အခုဆိုရင်တော့ အနံ့ အရသာ နဲ့ ပြည့်စုံလှတဲ့ ကြက်ကုန်းဘောင်ကြော် ရပါပြီ။

အားလုံးပဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာဖြင့် အရသာရှိသော ဟင်းတစ်ခွက်ကို သုံးဆောင်နိုင်ကြပါစေရှင်။

Tina 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။