တရုတ်အခြေစိုက် Xiaomi ကုမ္ပဏီကနေထုတ်လုပ်လိုက်တဲ့ Mi 8 ဟာဆိုရင်တော့ တရုတ်ဈေးကွက်မှာ စတင်ရောင်းချပြီးနောက် ယခုအခါမှာတော့ ပြင်သစ်နဲ့ ရုရှားဈေးကွက်တို့ကို စတင်ရောက်ရှိလာပြီပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဆိုပါ နိုင်ငံရဲ့ အွန်လိုင်းစတိုးတွေကနေသာ ရောင်းချပေးတာ ဖြစ်ပြီး တရားဝင်ရောင်းချပေးတာမျိုးတော့ မရှိသေးပါဘူး ။ 

Xiaomi Mi 8 မှာဆိုရင်တော့ မျက်နှာပြင်ပိုင်းမှတော့ ၆လက်မနီးပါးရှိပြီး Display ပိုင်းမှာ Super AMOLED Display ကို အသုံးပြုပေးထားပါသေးတယ်။ ဒါ့ပြင် မှန်မကွဲစေရန်လည်း နာမည်ကြီး Corning Gorilla Glass 5 ကို အသုံးပြုပေးထားပါတယ်။ CPU ပိုင်းမှာဆိုရင်တော့ Snapdragon 845 ကို ထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။

Memory ပိုင်းမှာဆိုရင်တော့ RAM 6 GB နှင့် ROM 64 GB ပါဝင်ထားတာပဲ ဖြစ်ပါတယ်။ ကင်မရာပိုင်းမှာဆိုရင်တော့ ကျောဘက်ကင်မရာနှစ်လုံးက 12MP+12MP ဖြစ်ပြီး အရှေ့ဘက် ကင်မရာမှာဆိုရင်တော့ 20 MP ပဲ ဖြစ်ပါတယ်။ ဘက်ထရီ ပမာဏကတော့ 3400 mAh ဖြစ်ပြီး လက်ရှိ Xiaomi ဖုန်းတွေ ထဲမှာ ကင်မရာ အကောင်းဆုံး ဖုန်းပဲ ဖြစ်တယ်လို့ လည်း သိရပါတယ်။

Source : Netguide Journal 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။