ဘိုစားပဲသီးတွင် ကယ်လိုရီး နည်းပြီး ဘေးထွက်ဆိုးကျိုးကို ဖြစ်စေတဲ့ ပြည့်ဝဆီများ မပါဝင်တာကြောင့် ကျန်းမာရေးနဲ့ ညီညွှတ်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ကို အကျိုးပြုစေတယ့် ဗီတာမင် အေ၊ ဗီတာမင် ဘီ၊ ဗီတာမင် စီ၊ ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်၊ ပိုတက်စီယမ် နှင့် သတ္တုဓာတ်တို့လည်း ကြွယ်ဝစွာ ပါဝင်ပါတယ်။ သို့သော် အစိမ်းရောင်ရှိ ဟင်းသီးဟင်းရွက်များကို ပါဝင်သော အာဟာရဓါတ်များ လျော့နည်းမသွားစေရန်အတွက် ၅ မိနစ်ခန့်သာ ချက်ပြုတ်ကြရန် အကြံပြုချင်ပါတယ်။

ဘိုစားပဲမှ ရရှိသော ကျန်းမာရေး ကောင်းကျိုးများ

၁။ အမျှင်ဓာတ်များ ပေါကြွယ်ဝစွာ ပါရှိခြင်းကြောင့် အူနှင့် အူလမ်းကြောင်းထဲရှိ အကျိအချွဲများကို လျှော့ချပေးသဖြင့် ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပြီး အူလမ်းကြောင်းအတွက်လည်း ကောင်းမွန်စေပါတယ်။

၂။ အရေပြားပေါ်တွင် ဖြစ်တတ်သော အရေးအကြောင်းများကိုလည်း ဟန့်တားပေးပါတယ်။

၃။ ဆဲလ်များကိုလည်း ကောင်းစွာ အကျိုးပြုတဲ့အပြင် DNA ပျက်စီးခြင်းမှလည်း ကာကွယ်ပေးပါတယ်။

၄။ ကိုယ်ဝန်ဆောင်မိခင်များအတွက် အထူးကောင်းမွန်တာမို့ ကိုယ်ဝန်ဆောင် မိခင်များအနေနဲ့ စားသုံးဖို့ သင့်တော်ပါတယ်။ (နို့တိုက်မိခင်များအနေဖြင့်လည်း စားသုံးပေးသင့်ပါတယ်။)

၅။ ကိုယ်ခံအားကို မြှင့်တင်ပေးတာကြောင့် ပြင်ပရောဂါများ ဝင်ရောက်မှုကိုလည်း ကာကွယ်ပေးပါတယ်။

၆။ နှလုံးခုန်နှုန်း၊ သွေးဖိအားတို့ကို ထိန်းချုပ်ပေးပြီး သွေးတိုးလည်း ကျစေပါတယ်။

၇။ သံဓါတ်ချို့တဲ့မှုကို များစွာ ထောက်ပံ့ပေးသောကြောင့် အမျိုးသမီများ ဓမ္မတာလာပြီး စားသုံးပေးရန် သင့်တော်ပါတယ်။

၈။ သွေးထဲရှိ သကြားပမာဏကို ပုံမှန်ဖြစ်စေသောကြောင့် ဆီးချိုရောဂါဝေဒနာရှင်များအတွက် သင့်တော်ပါတယ်။

၉။ ကယ်လိုရီပါဝင်မှုနည်းပြီး ပြည့်ဝဆီ မပါဝင်သောကြောင့် ကိုယ်အလေးချိန်ထိန်းချင်သူများလည်း စားသုံးသင့်ပါတယ်။

၁၀။ ဘိုစားပဲကို ပုံမှန် စားသုံးပေးခြင်းဖြင့် အရိုးအဆစ်များကိုလည်း သန်မာစေပါတယ်။

ဖော်ပြပါ အကြောင်းအရာများကို သိရှိပြီး ဘိုစားပဲကို မကြာခဏ စားသုံးဖို့ တိုက်တွန်းချင်ပါတယ်။

အားလုံးပဲ စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံပြီး သာယာပျော်ရွှင်ကြပါစေရှင်။

သတင်းအရင်းအမြစ် - ပေါက်ပေါက် 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။