ချစ်သူစုံတွဲဖြစ်လာတဲ့အခါ ပထမဆုံးချိန်းတွေ့ရင် ဘယ်ကို သွားရမလဲ ? ဘာလုပ်ရမလဲ ဆိုတာကလည်း တကယ့်ကို ခေါင်းကိုက်စရာ ကိစ္စ တစ်ခုပဲဖြစ်ပါတယ်။ ပထမဆုံး ချိန်းတွေ့တဲ့အခါ တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင် ကြည့်နေဖို့ကလည်း ရှက်ကိုးရှက်ကန်းဖြစ်နေတတ်ပြီး အတူတူ မုန့်သွားရင်လည်း အစားအသောက်ပေါ် စိတ်မရောက်ဘဲ ဘာပြောရမှန်းလည်း မသိဘဲ ရှက်နေတာနဲ့တင် အချိန်ကုန်သွားနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ်တိုင်ပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေပဲဖြစ်ဖြစ် ဒီလို ချိန်းတွေ့ဖို့ ဖြစ်လာတဲ့အခါမှာ နည်းလမ်းကောင်းလေး တစ်ခု အကြံပေးချင်ပါတယ်။

သိပ်မရင်းနှီးသေးတဲ့ ချစ်သူ အသစ်စက်စက်နဲ့ ချိန်းတွေ့ဖို့ အခွင့်ကြုံလာတဲ့အခါမှာတော့ ရုပ်ရှင်သွားကြည့်တာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ ရုပ်ရှင်ရုံထဲမှာ ချစ်သူနဲ့အတူ ၂နာရီ လောက် အတူနေနိုင်ပြီး စကားတွေ အများကြီး ဖောင်ဖွဲ့နေစရာလည်း မလိုပါတော့ပါဘူး။ ရုပ်ရှင်ကြည့်ပြီးတဲ့အခါမှာလည်း ရုပ်ရှင်ကား အကြောင်း ပြန်ပြောနေရင်းနဲ့ ပြောစရာစကားစ တွေ ရသွားနိုင်ပါတယ်။ ရုပ်ရှင်ကြည့်နေတဲ့ အခါမှာလည်း လက်လေး ကိုင်ထားရုံနဲ့ ချစ်သူနှစ်ဦးကြား ရင်းနှီးမှုကို ရှာနိုင်ပါတယ်။

အထက်ဖော်ပြပါ နည်းလမ်းက အခြားသော အကြံဉာဏ်များ မစဉ်းစားမိတဲ့အခါမှာ အသုံးပြုလို့ရပေမဲ့ အမှန်တော့ ငွေကြေးအကုန်အကျခံပြီး ရုပ်ရှင်သွားကြည့်မှ ပထမဆုံးချိန်းတွေ့ သင့်တာ မဟုတ်ပါဘူး။ မိုးရွာထဲမှာ ထီးလေး တစ်ချောင်း နှစ်ယောက်အတူ ဆောင်းတာမျိုး၊ စိတ်တူကိုယ်တူ ကိစ္စ တစ်ခုကို အတူပြုလုပ်ရင်း စကားပြောကြတာမျိုး … စသည်ဖြင့် တစ်ဦးနဲ့တစ်ဦး ကြင်ကြင်နာနာ၊ နွေးနွေးထွေးထွေး ဖေးဖေးမမ အဖော်လုပ်ပေးနေခြင်းကလည်း အကောင်းဆုံး နည်းလမ်းတစ်မျိုးဖြစ်တယ်ဆိုတာကိုလည်း အကြံပေးချင်ပါတယ်။

Tina

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။