မိန်းကလေးတွေ နန်းဆန်ဆန် လှစေဖို့ အချက်တစ်ခုထဲမှာ ဆံပင် အရှည်လဲ ပါဝင်ပါတယ်။ ယောက်ျားလေး အများစုကလည်း ဆံပင် အရှည်ကြိုက်ကြသလို မိန်းကလေးတွေကလည်း ဆံပင်အရှည်ကို နှစ်သက်ကြပါတယ်။ ဒါပေမဲ့ ဆံပင် အရှည်ထားချင်ရက်နဲ့ ဆံပင်ရှည်တာ အရမ်းနှေးတာပဲလို့ ခံစားနေရတဲ့ သူတွေလည်း ရှိပါတယ်။ ဒီလို မဖြစ်ရလေအောင် ဆံပင် အရှည်မြန်အောင် ဘယ်လို လုပ်ရမလဲ ဆိုတာတဲ့ အချက်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

၁) ညဘက်မှာ ဆံပင် မရှည်နိုင်ဘူးဆိုတာ သိထားပါ။ ဒါ့ကြောင့် ညဘက်မှာ ဆံပင် ရှည်အောင် ပြုလုပ်ခြင်းက အချည်းနှီးပါပဲ။

၂) ဆံပင်အဖျားတွေကို ခဏ ခဏ ညှပ်ပေးပါ။

၃) ခေါင်းလျှော်တဲ့ အခါတိုင်း conditioner အသုံးပြုပါ။

၄) နေ့စဉ် ခေါင်းလျှော်ခြင်းကို ရှောင်ကြဉ်ပါ။

၅) တစ်ပတ် တစ်ခါ ပေါင်းဆေး သုံးခြင်း (သို့) သံလွင်ဆီ လိမ်းခြင်းဖြင့် ဆံပင် ပေါင်းတင်ပါ။

၆) ဆံပင်အရှည်မြန်စေသော (သို့) မိမိဆံသားနှင့် ကိုက်ညီသည့် အရာများကို ရွေးချယ် သုံးစွဲပါ။

၇) နူးညံ့သိမ်မွေ့စွာ ခေါင်းဖြီးပါ။ ကြမ်းတမ်းစွာ ခေါင်းဖြီးခြင်းကို လုံး၀ ရှောင်ကြဉ်ပါ။

၈) ဆံသားနှင့် ဦးရေကို မထိခိုက်စေရန်အတွက် ချည်သား ခေါင်းအုံးစွပ်ကို သုံးပါ။

၉) လေးလံ ထူထဲသော သဘက်များနှင့် ဆံပင်မသုတ်ပါနှင့်။ ပုံမှန်ဖြစ်သော၊ ရေစုပ်သော၊ ပါးလွှာသော သဘက်ကိုသာ ရွေးချယ် အသုံးပြုပါ။

၁၀) Dryer အသုံးပြုခြင်း၊ ဆံပင်ဖြောင့်စက် အသုံးပြုခြင်း၊ အပူစက်များ အသုံးပြုခြင်းကို တတ်နိုင်သလောက် ရှောင်ကြဉ်ပါ။

၁၁) မကြာခဏ ဆံပင် စည်းထားပါ။ (သို့) ကျစ်ဆံမြှီး ကျစ်ထားပါ။

၁၂) ဆံပင် အရောင်ချွတ်ထားသူများ အနေဖြင့် အချိန်တိုင်း ဆံပင်စည်းခြင်းကို မပြုလုပ်ပါနှင့်။

၁၃) ခေါင်းလျှော်ပြီးသည့် အခါတိုင်း ရေအေးနှင့် လောင်းပါ။ ရေအေးနှင့် အဆုံးသတ်ပါ။

ဖော်ပြပါ အကြောင်းအရာများကို သိရှိပြီးနောက် အားလုံးပဲ လှသထက် လှနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

သတင်းအရင်းအမြစ် - Google 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။