ဇန်နဝါရီလကဖြစ်ပွားခဲ့တဲ့ FDA ဒုဦးစီးမှူး မရွှေရည်ဝင်း အသတ်ခံရမှုမှ ဖမ်းဆီးစစ်ဆေးခြင်းခံရသူ အငှားယာဉ် မောင်း မျိုးဇော်ဦးကိုတော့ ဇွန်လ ၂၂ ရက်နေ့ ဒီနေ့မှာ အမိန့်ချမှတ်လိုက်ပြီလို့ သိရပါတယ်။အဆိုပါ အငှား ယာဉ်မောင်း မျိုးဇော်ဦး (ခ) ဆီဒိုးနားကိုတော့ ရန်ကုန် အရှေ့ပိုင်းခရိုင် တရားရုံးကနေ ပုဒ်၃၀၂ (၁)(ဂ) လူသတ်မှု ဖြင့် သေဒဏ်ချမှတ်လိုက်တာပဲ ဖြစ်ပါတယ်။တရားခံ မျိုးဇော်ဦးရဲ့ အငှားယာဉ်ကိုတော့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့ ည ၇ နာရီ ဝန်းကျင်အချိန် သေဆုံးသူ မရွှေရည်ဝင်းမှ လှည်းတန်းလမ်းဆုံကနေ ဒဂုံမြို့နယ်သို့ ငှားခဲ့တာပဲ ဖြစ်ပါတယ်။ သေဆုံးသူအမျိုးသမီးမှ ယာဉ်အတွင်း လေအေးပေးစက် ဖွင့်ပေးခ ကျပ်တစ်ထောင်ပိုပေးရန် တောင်းဆိုရာမှ နှစ်ဦးစကားများ ခဲ့ပြီး၊ ဇော်မျိုးဦးမှ အမျိုးသမီးအား ဝက်အူလှည့်ဖြင့် လည်ပင်းကိုထိုးကာ ထပ်မံ လည်ပင်း ညှစ်သတ်ခဲ့တာပဲ ဖြစ်ပါတယ်။

အဲ့ဒီနောက်မှာတော့ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ ၃၃ ရပ်ကွက်ရှိ ငမိုးရိပ်ချောင်းဘေးသို့ ယာဉ်မောင် းနှင်ကာ အမျိုးသမီးအား အဓမ္မပြုကျင့်ခဲ့တဲ့အပြင်၊အမျိုးသမီးရဲ့ လက်ဝတ်ရတနာများနဲ့ ဖုန်းတို့ကို ယူဆောင်ကာ ရုပ်အလောင်းကို ချောင်းကမ်းစပ်တွင် စွန့်ပစ်ခဲ့တာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးချက်များ အရသိရပါတယ်။ အဲ့ဒီနောက်မှာတော့ သေဆုံးသူ မရွှေရည်ဝင်း ရုပ်အလောင်းကို ပဲပြုတ်သည် အမျိုးသမီး တဦးက စတင်တွေ့ ရှိခဲ့တာဖြစ်ပြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးခဲ့ကာ အမှုမှန်ပေါ်ပေါက်ခဲ့တာပဲ ဖြစ်ပါ တယ်။ ရဲတပ်ဖွဲ့မှ စစ်ဆေးရာ မှာ တော့ သေဆုံးသူရဲ့ ဝဲဘက်ပါး၊ လည်ပင်းဖူးရောင်ညိုမဲဒဏ်ရာ လည်ပင်းရှေ့ ထိုးသွင်းဒဏ်ရာ ၁ ချက်၊ မိန်း မအင်္ဂါသွေးထွက် ဒဏ်ရာများဖြင့် သေဆုံးနေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဆက်လက်ပြီး သေဆုံးသူအမျိုးသမီး အား မြောက်ဥက္ကလာ ပပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကာ မြောက်ဒ ဂုံမြို့မ ရဲစခန်း (ပ)၈၃/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၂ (လူသတ်မှု)ဖြင့် အမှုဖွင့် စုံစမ်းခဲ့တာပဲ ဖြစ်ပါတယ်။ မျိုးဇော်ဦးအား စတင်စစ်ဆေးတဲ့ အချိန်မှာ မုဒိန်းပြုကျင့်တဲ့ ပုဒ်မတွေနဲ့ တရားစွဲဆိုခဲ့ပေမယ့် နောက်ပိုင်း မုဒိန်းပြုကျင့်ကြောင်းသက်သေမခိုင်လုံတာကြောင့် လူသတ်မှုပုဒ်မ တစ်ခုတည်းနဲ့သာ ဆက်လက်တရား စွဲဆိုခဲ့တာပဲ ဖြစ်ပါတယ်။ဒီနေ့မှာတော့ အငှား ယာဉ်မောင်း မျိုးဇော်ဦး (ခ) ဆီဒိုးနားကို လူသတ်မှုပုဒ်မနဲ့ပဲ သေဒဏ်ချမှတ်လိုက်တာဖြစ်ပါတယ်။

သတင်းအရင်းအမြစ် - New Watch 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။