အရပ်ရှည်တဲ့ကောင်လေးတွေကို ဘာကြောင့်မိန်းကလေးတွေ သဘောကျနှစ်သက်သလဲ? ယောက်ျားလေးရဲ့ ဆွဲဆောင်မူ့ရှိတဲအရပ်ဆိုတာ ၅ပေ ၁၀ ကနေ ၆ ပေ ခွဲအထိ ကိုပြော တာပါ ။ အရပ်ရှည်တဲ့ကောင်လေးတွေက ပိုပြီးဆွဲဆောင်မှု ရှိတယ်ဆိုတာ ငြင်းလို့မရတဲ့ အချက်တစ်ချက်ပါဘဲ ။ အရပ်ရှည်တဲ့ကောင်လေးတွေကိုမှ ကောင်မလေးတွေ သဘော ကျရတဲ့အချက်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော် ။

(၁) အရပ်ရှည်တဲ့ကောင်လေးနားမှာကပ်နေရင် သင်လုံခြုံသလိုခံစားရလိမ့်မယ် ဘာလို့လဲဆိုတော့

အရပ်ရှည်တဲ့သူဆို ရှိန်ကြပါတယ် တော်ရုံလူ ပြဿနာမရှာရဲကြပါဘူး ။ ဂျပုမလေးတွေ အားကိုးလို့ရတာပေါ့ ။

(၂) အရပ်ရှည်တော့ သင့်ကိုအုပ်မိုးထားသလိုဖြစ်နေပြီး သူ့ရဲ့ ကြွက်သားတွေ အလုပ်လုပ်တာကိုမြင်နိုင်တယ်

(၃) အရပ်ရှည်တဲ့ကောင်လေးတွေ မျက်နှာမငယ်ရဘူး လူတိုင်းကမော်ကြည့်ရတော့ အားလုံးထဲမှာထင်ပေါ်နေတတ်တယ် self confidence ရှိတယ်

(၄) အရပ်ရှည်တဲ့ကောင်လေးကသင့်ကိုဘယ်လိုချီရ မယ်ဆိုတာ အော်တိုသိပြီးသားဖြစ်တယ် ။ သင်လဲကျတာဖြစ်စေ ဘယ်လိုဖြစ်ဖြစ် ကောက်ချီဖို့ ဝန်မလေးပါဘူး ။

(၅) အရပ်ရှည်တဲ့ကောင်လေးပွေ့ဖက်လိုက်ရင် သင်ယုံကြည်စိတ်ချကြည်နူးမူ့တစ်ခုကိုရလိမ့်မယ် ။ သင်ဟာဂျပုမလေးဆိုရင် သူ့နှလုံးခုန်သံကိုပါ ကြားရမှာပါဖြစ်ပါတယ် ။

(၆) -ကောင်မလေးတွေ ကြိုက်တဲ့ဖိနပ်စီး ကောင်လေးကအရပ်ရှည်တော့ တွဲသွားရင်လိုက်တယ် ။

(၇) အရပ်ရှည်တဲ့ကောင်လေးဂုတ်ပေါ်တက်ခွပြီး EDM ပွဲတွေမှာ ကလို့ရပါတယ် ကျောပိုးခိုင်းလို့ရတယ် ။

(၈) မိန်းကလေးအများစုက ဒေါက်ဖိနပ်အမြင့် စီးချင်တယ် ။ အရပ်ရှည်တဲ့ကောင်လေးနဲ့ဆို သူတို့စီးချင်တဲ့ဖိနပ်မြင့် လှလှလေးတွေစီးလို့ရတယ် ။

(၈) မိုးရွာပါစေ အရပ်ရှည်တဲ့ချစ်သူဆောင်းပေးတဲ့ အမြင့်ကရှိတဲ့ ထီးကြောင့် သင့်လုံးဝရေမစိုစေရပါဘူး ။

(၉) -အရပ်ရှည်ရင် ဘယ်အားကစားမှာမဆို အားသာချက်ရှိတယ် ။

(၁၀) ကောင်လေးက နောက်ကနေဖတ်ထားရင်လည်း ကောင်မလေးရဲ့ခေါင်းပေါ်ကို ကောင်လေးရဲ့မေးစေ့လေးတင်ထားလို့ရတယ် မိန်းကလေးတွေတော်တော် အရည်ပျော်စေမယ့်ခံစားမှုမျိုးပါဘဲ ။

ပရိတ်သတ်ကြီးလည်း အရပ်ရှည်တဲ့ကောင်လေးတွေကို ရွေးချယ်ဖို့အကြံပြုလိုက်ပါတယ်နော် ။

Source : Phyo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။