ရုပ်ရှင်ဇာတ်လမ်း တစ်ခုအောင်မြင်တိုင်း ဇာတ်လမ်းထဲက ဇာတ်ကောင်တွေရဲ့ ကာရိုက်တာ၊ ဝတ်စုံနဲ့ အသွင်ပြင် တွေဟာ လူကြိုက်များလာသလို တချို့သော ကြော်ငြာနဲ့ ပရိုမိုပွဲတွေအတွက် ဇာတ်ကောင်ရဲ့ တစ်ပုံစံထဲ cosplayer လို ဝတ်စားကာ လူသိများအောင်ပြုလုပ်ကြပါတယ်။ Wonder Women ဇာတ်ကောင်ဟာဆိုရင် တကမ္ဘာလုံးမှာ ယောကျာ်းလေးကော မိန်းကလေးပါ လူကြိုက်များတဲ့ Super Hero တွေထဲက ခပ်ရှားရှား မိန်းကလေးစွမ်းအားရှင် ဇာတ်ရုပ်တစ်ခုဖြစ်ပါတယ်။

ထိုင်းမော်ဒယ်မလေး တစ်ဦး ဟာ Wonder Women ဝတ်စုံလေးနဲ့ လူမြင်ကွင်းမှာ ပိုစ့်ပေးနေတဲ့ ဓာတ်ပုံလေးတွေကို ပရိတ်သတ်တွေ စိတ်ဝင်စားနေပါတယ်။သူမဟာ အာရှရဲ့ Wonder Women လို့ တင်စားခံရလောက်အောင်ပရိသတ်တွေက ချီးကျူးနေကြပြီး သူမကိုယ်တိုင်ကလည်း Wonder Women ဝတ်စုံလေးနဲ့ အရမ်းလိုက်ဖက်နေပါတယ်။သူမရဲ့ပုံလေးတွေ လူမှုကွန်ရက်မှာ လူသိများလာပြီးနောက်ပိုင်း ထိုင်းနိုင်ငံရဲ့ ဟောလိုဝင်းသရဲ ပွဲတော်တွေမှာလည်း Wonder Women ဝတ်စုံဟာ လူကြိုက်များ လာပါတယ်တဲ့။

သူမရဲ့ ရိုးရှင်းတဲ့ အလှနဲ့ ပုရိသတွေကြား ဂယက်ထအောင် ဖမ်းစားလိုက်နိုင်သူကတော့ ထိုင်းနိုင်ငံက မော်လ်ဒယ်မလေး Pichyada Chatkamjaroen ဖြစ်ပါတယ်။ သူမဟာ မော်လ်ဒယ်တစ်ယောက်ဖြစ်သလို presenterတစ်ယောက်လည်းဖြစ်ပါတယ်။ ယောကျ်ားဘဝကနေ မိန်းမတစ်ယောက် အဖြစ် ပြောင်းလဲနေထိုင်ခဲ့သူ transgender မလေး တစ်ဦး ဖြစ်ပြီး သူမ အနေနဲ့ မိန်းကလေးတစ်ယောက်လို တကယ်သိမ်မွေ့ပြီး လှပပါတယ်။သူမရဲ့ Instagram မှာ Followers ပေါင်း(19.9k) ရရှိထားပြီး သူမဟာ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင်အြပ်ငထွက်ရတာ၊ ခရီးထွက်ရတာ ကြိုက်နှစ်သက်သူတစ်ယောက်ဖြစ်ပါတယ်။

source: thehive.asia ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။