ဒေါက်တာ စတီဗင်ဖာဘီလို့ခေါ်တဲ့ ဆရာဝန်တစ်ယောက်ဟာ လွန်ခဲ့တဲ့ ခြောက်နှစ်ကျော်လောက်တည်းက မိုင်ပေါင်း(၅၃၂၈၅)ကို စက်ဘီးစီးပြီး ကမ္ဘာအနှံ့က လူနာတွေကို စေတနာပါပါနဲ့ အခမဲ့ကုသပေးခဲ့ပါတယ်။ ဒေါက်တာ ဖာဘီသည် ၂၀၁၀ ကစတင်ပြီး သူ့ရဲ့ အဖော်စက်ဘီးလေးနှင့်အတူ ဆေးအိတ်၊ ဖျင်စတဲငယ်၊ စားရေရိက္ခာများ တင်ကာ စက်ဘီး တစ်စီးနဲ့ ခရီးသွားခဲ့သည်။ 

ဒေါက်တာဖာဘီဟာ ယခုအခါမှာတော့ ကမ္ဘာပေါ်က တိုက်ကြီးခြောက်တိုက် ကို လှည့်ပတ်ဆေးကုသလာခဲ့ပြီးပြီပဲ ဖြစ်ပါတယ်။ စက်ဘီးနဲ့ ခရီးသွားတာကြောင့် ဒေသခံတွေနဲ့ ကျွန်တော့်ကြား ခြားနားမှု မရှိဘူး။ တစ်သားတည်း ဖြစ်သွားတယ်။ ကျွန်တော် စိတ်ဝင်စားရင် ဘယ်နေရာမဆို ရပ်ပြီး ဒေသခံတွေနဲ့ စကားပြောတယ်။ စက်ဘီးနဲ့ခရီးသွားတာ ငွေကုန်လည်း သက်သာတယ်။ ဒေသခံတွေနဲ့လည်း တစ်သားတည်း ဖြစ်တယ်။ စက်ဘီးဟာ ဖြည်းဖြည်းချင်း သွားတာကြောင့် ရောက်လေရာမှာ ကမ္ဘာ ကြီးကိုလည်း အပြည့်အ၀ ခံစားခွင့်ရတယ်” ဟု ဒေါက်တာဖာဘီက ပြောသည်။

ဒေါက်တာဖာဘီသည် သူ့ခရီးစဉ်ကနေ ဆေးပရိဟိတအဖွဲ့ NGO Merlin အတွက် ပေါင် နှစ်သောင်း ရန်ပုံငွေ ရှာဖွေ ပေးနိုင်ခဲ့သည်။ ယခုအခါ ခရီးစဉ် အဆုံးသတ်နား နီးလာပြီ ဖြစ်ပြီး နယ်သာလန် နိုင်ငံ အမ်စတာဒမ် မြို့သို့ ရောက်ရှိနေပြီ။ လာမည့် အပတ်တွင် ဗြိတိန်သို့ ပြည်တော် ပြန်ဝင်မည်ဟု သိရသည်။ သူ့ ခြောက်နှစ်တာ ကမ္ဘာပတ် စက်ဘီးစီး ခရီးစဉ် အတွေ့အကြုံများ အကြောင်း စာတစ်အုပ်လည်း ရေးသား ထုတ်ဝေမည်ဟု သိရသည်။ 

Source : Naykhayan

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။