ယနေ့ ဇွန်လ(၂၂)ရက်နေ့လေးကတော့ တောင်ကိုရီးယားနိုင်ငံရဲ့ သရုပ်ဆောင် အဆိုတော်မင်းသားချောလေး ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လေး Jung Yong Hwa ရဲ့ မွေးနေ့ရက်လေးပဲ ဖြစ်ပါတယ်..။

တောင်ကိုရီးယားနိုင်ငံရဲ့ ကေပေါ့အဆိုတော် အဖွဲ့ဖြစ်တဲ့ CNBLUE ရဲ့ အဖွဲ့ဝင် အဆိုတော်မော်လ်ဒယ်မင်းသားချောလေး Jung Yong Hwa ကတော့ ဒီကနေ့မွေးဒနေ့လေးမှာပဲ အသက်(၂၈)နှစ်ပြည့်သွားပြီ ဖြစ်ပါတယ်..။

မင်းသားချောလေး Jung Yong-hwa ကိုတော့ (၁၉၈၉)ခုနှစ် ဇွန်လ (၂၂)ရက်နေ့မှာ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာမွေးဖွားခဲ့တာဖြစ်ပြီး အဲ့ဒီနောက်ပိုင်းမှာ ဘူဆန်ကို ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်..။

အနုပညာလုပ်ငန်းတွေအနေနဲ့ အထက်တန်းကျောင်းသားဘဝမှာ သီချင်းတွေကိုပထမဆုံးစတင်ရေးသားခဲ့ပြီး တက္ကသိုလ်တတ်ရောက်ခဲ့ချိန်မှာတော့ FNC ဂီတအဖွဲ့နဲ့ အနုပညာအလုပ်တွေပူးပေါင်းလုပ်ဆောင်ခဲ့ပြီး ဆိုးလ်ကို ပြန်လည်ပြောင်းရွှေ့နေထိုင်ခဲ့တာ ဖြစ်ပါတယ်..။

(၂၀၀၉)ခုနှစ်မှာတော့ သူ့ရဲ့ဂီတအဖွဲ့သားတွေနဲ့အတူ ဂီတအနုပညာကိုလေ့လာဖို့အတွက် ဂျပန်ကို သွားရောက်ခဲ့ပြီး အဲ့ဒီနောက် AI Entertainment နဲ့အတူ ဂျပန်နိုင်ငံမှာပဲ သူတို့ရဲ့ပွဲဦးထွက် mini Album ကို ဖြန့်ချီခဲ့ပါတယ်..။

သူတို့ရဲ့တရားဝင်ပွဲဦးထွက် Mini Album ကိုတော့ (၂၀၁၀)ခုနှစ်မှာ Bluetoryနဲ့ "I'm a Loner" ဆိုပြီး တောင်ကိုရီးယားနိုင်ငံမှာ ပွဲဦးထွက်ခဲ့ပြီး ပရိသတ်တွေကြား ရေပန်းစားအောင်မြင်လာခဲ့တာ ဖြစ်ပါတယ်..။

Jung Yong-hwa ကတော့ နာမည်ကျော် အဆိုတော်အဖွဲ့တစ်ခုဖြစ်တဲ့ CNBLUE ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး တေးရေးဆရာလည်းဖြစ်သလို သရုပ်ဆောင်မင်းသားတစ်ဦးလည်း ဖြစ်ပါတယ်.. ထို့ပြင် ရော့ခ်တီးဝိုင်း၏ရစ်သမ်ဂစ်တာသမားဖြစ်ပါတယ်..။

ဇာတ်ကားတွေအနေနဲ့ကတော့ (၂၀၀၉)ခုနှစ်မှာ “You're Beautiful” ဇာတ်ကား၊ (၂၀၁၁)ခုနှစ်မှာ “Heartstrings”ဇာတ်ကားတွေအပြင် အခြားဇာတ်ကားတွေလည်း များစွာရိုက်ကူးခဲ့ပါသေးတယ်..။

ပရိသတ်ကြီးများကလည်း ဒီနေ့ရဲ့ မွေးနေ့ရှင်လေး Jung Yong Hwa အတွက် မွေးနေ့ဆုတောင်းစကားလေးတွေလည်း ပြောပေးသွားပါဦးနော်..။

Photo – Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။