အေးချမ်းတဲ့အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး ရွှေပိုးအိမ်ကတော့ အကယ်ဒမီသရုပ်ဆောင် ခန့်စည်သူတို့ မေတ္တာသင်္ဂဟအဖွဲ့လေးရဲ့ အလှူပွဲလေးမှာ ပါဝင်ကုသိုလ်ယူခဲ့တာ တွေ့ရပါတယ်..။

ရိုးရိုးလေးနဲ့အမြဲချစ်စရာကောင်းတဲ့ မင်းသမီးချောလေးရွှေပိုးအိမ်ကတော့ အေးချမ်းတဲ့အလှတရားတွေနဲ့ ပရိသတ်တွေကို အမြဲဖမ်းစားထားတတ်တဲ့ အနုပညာရှင်လေးတစ်ဦးပါပဲ..။

မေတ္တာသင်္ဂဟအဖွဲ့ရဲ့ ဓမ္မဝိဟာရဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှာရှိတဲ့ ဆင်းရဲနွမ်းပါးကျောင်းသား/သူများ ပညာသင်ကြားရေးအတွက်ထောက်ပံ့အလှူငွေပေးအပ်ပွဲနဲ့ မန်တုံစစ်ဘေးရှောင်ဒေသရှိ အမျိုးသမီးငယ်လေးများ ပရဟိတအချုပ်အလုပ် ဒီဇိုင်နာသင်တန်း သင်တန်းဆင်းပွဲကို ယနေ့ ဇွန်လ(၂၂)ရက်နေ့ မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့တာ တွေ့ရပါတယ်..။

အဲ့ဒီအလှူအခမ်းအနားပွဲလေးမှာ အရိုးယဉ်ဆုံးမြန်မာဝတ်စုံလေးနဲ့ ရိုးရိုးယဉ်ယဉ်လေးလှနေတဲ့ အလှပုံရိပ်လေးတွေကတော့ တကယ်ကို အေးချမ်းတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားတာ ပရိသတ်ကြီး တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်..။

မင်းသမီးချောလေး ရွှေပိုးအိမ်ကတော့ အနုပညာလောကမှာ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေနဲ့အတူ အောင်မြင်မှုတွေပိုင်ဆိုင်ထားတဲ့ မင်းသမီးချောတစ်ဦးဖြစ်သလို We Love အဖွဲ့သားတွေနဲ့အတူ လှူဒါန်းကုသိုလ်ယူမှုလေးတွေကိုလည်း မကြာခဏပြုလုပ်လေ့ရှိသူလေးလည်း ဖြစ်ပါတယ်..။

လတ်တလောမှာလည်း အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေသလို ဇာတ်ကားတွေလည်း ရိုက်ကူးနေပြီး ဓာတ်ပုံ၊ မဂ္ဂဇင်းကြော်ငြာများလည်း ရိုက်ကူးပေးနေတာ တွေ့ရပါတယ်..။

Photo - ရွှေပိုးအိမ်၊ အေးဇော်မိုး၊ Myanmarload

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။