တနေ့က ဇွန်လ ၂၀ ရက်နေ့မှာဆိုရင်တော့ အစ္စရေးဂျက်လေယာဉ်တွေဟာ ဂါဇာကမ်းမြောင်က နေရာ ၂၅ ခုကိုဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

အဆိုပါနေရာတွေကတော့ ဟားမတ်စ်စစ်သွေးကြွတွေ အုပ်စိုးထားတဲ့ ပစ်မှတ် ၂၅ နေရာဖြစ်ပြီး ဇွန်လ ၂၀ ရက်နေ့အစောပိုင်းက ဝင်ရောက် ပစ်ခတ်ခဲ့တာပဲဖြစ်ပါတယ်။

ပစ်ခတ်ခဲ့ရတဲ့အကြောင်းရင်းကတော့ စစ်သွေးကြွတွေဟာ အစ္စရေးပိုင်နက်ထဲကို ဒုံးကြည်တွေ ၊မော်တာတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ပြန်လည်လက်တုံ့ပြန်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။

ထိုသို့တိုက်ခိုက်မှုကြောင့် ဟားမတ်စ်လုံခြုံရေး တပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာအနည်းငယ် ရခဲ့တယ်လို့သိရပါတယ်။

လေကြောင်းစီးနင်းမှု အချက်ပေးဥသြံသံတွေ နဲ့ အစ္စရေး ဖုန်းသတိပေးချက်တွေဟာ မနက်အရုဏ်မတက်ခင်ထဲက စီစီညံနေခဲ့တယ်လို့သိရပါတယ်။

ဟားမတ်စ်တွေတိုက်ခိုက်မှုကတော့ အစ္စရေးပိုင်နက်ထဲကို ဒုံးကြည်နဲ့မော်တာ အလုံး ၃၀ လောက်ကျရောက်ခဲ့သလို အစ္စရေးဒုံးကြည်ကာကွယ်ရေးစနစ်အနေနဲ့လည်း ဟားမတ်စ်တွေရဲ့ ဒုံးကြည် ၇ စင်းလောက်ကို ဟန့်တားနိုင်ခဲ့တယ်လို့သိရပါတယ်။

source - BBC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။