ဇွန်လ(၂၀)ရက်နေ့ဒီနေ့မှာတော့ တရုတ်နိုင်ငံ ထိုင်ဝမ်မြောက်ပိုင်း၊ ကီလန်မြို့က နေအိမ်တစ်အိမ်တွင် ထိုင်းနိုင် ငံသူ ပြည့်တန်ဆာ အမျိုးသမီး (၁၇)ဦးကို ရဲတပ်ဖွဲ့က ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။ထိုင်းအမျိုးသမီး(၁၇)ဦးမှာ ထိုင်ဝမ်ကိုအလည်ပတ်ခရီးအဖြစ်နဲ့ လာရောက်ခဲ့တာဖြစ်ပြီး တကယ်တမ်းကတော့ ပြည့်တန်ဆာလုပ်ငန်းလာ ရောက်လုပ်ကိုင်ဖို့ ရောက်ရှိနေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ထိုင်ဝမ်ကီလန်ရဲတပ်ဖွဲ့မှ သတင်းရရှိချက်အရ အဆိုပါ ပြည့်တန့်ဆာနေအိမ်သို့ ဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့တာပဲ ဖြစ်ပါတယ်။ 

အဆိုပါ ဖြစ်စဉ်မှာတော့ ထိုင်ဝမ်နိုင်ငံသူအမျိုးသမီး ၃ ဦးနဲ့ ဖောက်သည်အမျိုးသား ၁၁ ဦးကိုလည်း ဖမ်းဆီးနိုင်ခဲ့ တယ်လို့ ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။ ထိုင်းအမျိုးသမီးတွေကို စုံစမ်းစစ်ဆေးချိန်မှာတော့ သူတို့ ဟာ အလည်အပတ်ဗီဇာနဲ့ ထိုင်ဝမ်ကို လာရောက်ခဲ့ကြတာလို့ ဝန်ခံထွက်ဆိုခဲ့ကြပါတယ်။ ထိုင်းအမျိုးသမီး ပြည့်တန်ဆာတယောက်စီအတွက် အချိန် ၁၅ မိနစ် လိင်ဝန်ဆောင်မှုလျင် ထိုင်ဝမ်ဒေါ်လာ ၁၀၀၀ရရှိမှာဖြစ်ပြီး တစ်ဦးချင်းလျင် ၆၀၀၀ကျပ်ရရှိကာ ရမှာဖြစ်ကာ ပြည့်တန်ဆာအိမ်က မန်နေဂျာကို ၄၀၀ ပေးရမှာဖြစ်တ ယ်လို့ ပြည့်တန်ဆာခေါင်း အမျိုးသမီးက ပြောပါတယ်။ 

ဆက်လက်ပြီး ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်တဲ့ ကွင်းဆက်တရားခံ ၃ ဦးကိုလည်း ထပ်မံဖမ်းဆီးနိုင်ခဲ့တယ်လို့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။အဆိုပါ တရားခံတွေကတော့ ဖမ်းဆီးနိုင်ခဲ့ပြီး ပြစ်မှုထင်ရှားရင်တော့ ထောင်ဒဏ် ၂ နှစ်အထိ ကျခံရမှာဖြစ်တယ်လို့ သိရပါတယ်။ ထိုင်းပြည့်တန်ဆာတွေကိုတော့ အမျိုးသား လူဝင်မှုကြီးကြပ်ရေး အေဂျင်စီကို လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖမ်းဆီးထိန်းသိမ်းထားကာ ထိုင်းနိုင်ငံဆီ ပြန်ပို့ သွားမယ်လို့ သိရပါတယ်။ဖမ်းဆီးရမိခဲ့တဲ့ ဖောက်သည်အမျိုးသားတွေနဲ့ ထိုင်ဝမ်ပြည့်တန်ဆာတွေကတော့ ဒဏ်ကြေး ထိုင်ဝမ်ဒေါ်လာ ၃ သောင်းထိ ပေးဆောင်ရမှာဖြစ်တယ်လို့ သိရပါတယ်။

သတင်းအရင်းအမြစ် - DVB 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။