Myanmar Idol Season 2 ရဲ့ Winner ဆုရှင် သားငယ်ကတော့ မက်ခဲ့ဖူးတဲ့ အိမ်မက်တွေအကောင်အထည်ဖော်နိုင်ခဲ့ပါပြီ။ ငယ်စဉ်အချိန်ထဲက လေးစားအားကျခဲ့တဲ့ အဆိုတော်ကြီး တစ်ဦးဖြစ်တဲ့ ဥိးသော်ဒီဝေရဲ့ တေးသီချင်းတွေကို ပြန်လည် သီဆိုခွင့်ရခဲ့တာပဲဖြစ်ပါတယ်။

သါးငယ်ကတေါ့ အဆိုပါ သီဆိုမှုကို သူလေးစားအားကျရတဲ့ ဝါရင့် Rock အဆိုတော်ကြီးတွေဖြစ်တဲ့ လေးဖြူ၊ အငဲတို့နှင့်အတူ သီဆိုရမှာပဲဖြစ်ပါတယ်။ သားငယ်ကတော့ သူ့ရဲ့ဖေ့စ်ဘွက်စာမျက်နှာတွင်"ဆန္ဒတချို့ ပြည့်ပြီဗျာ သိမ့်ခိုက်ရတဲ့ ဦးသော်ဒီဝေ သီချင်းတွေပြန်ဆိုခွင့်ရပါတယ် ဦးလေးဖြူ၊ ဦးအငဲတို့နဲ့ ပွဲတစ်ခုမှာ အတူတူဆိုဖို့ဆိုတာကလည်း ကျွန်တော် အတွက်သိမ့်ကံကောင်းတယ်"ဟူ၍ ရေးသားထားတာပဲဖြစ်ပါတယ်။

တချိန်က နာမည်ကြီးလူကြိုက်များတဲ့ အဆိုတော်ကြီးတွေဖြစ်တဲ့ လေးဖြူ၊ အငဲတို့နှင့်အတူ ပွဲတစ်ခုမှာ သီဆိုဖို့အိမ်မက်လေး အကောင်အထည်ပေါ်ခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်အချစ်တော်သားငယ်ရဲ့ ပျော်ရွှင်မှုလေးက ပရိသတ်တွေအတွက်လည်း ဝမ်းသားစရာတစ်ခုဖြစ်လာမယ်ထင်ပါတယ်။

Source - Thar Ngal

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။