မြန်မာ့အလွတ်တန်းလက်ဝှေ့ချန်ပီယံ ထွန်းထွန်းမင်း ဟာ ၂၀၁၆ ခုနှစ် ဒေ့ဖ်နှင့်ယှဉ်ပြိုင်တိုက်ခိုက်ခဲ့ပြီး ဒဏ်ရာအပြင်းအထန်ရသွားပြီး ကာလအတော်ကြာအနားယူထားရာက ခုဆို ကြိုးဝိုင်းထဲကို ပြန်လည်ဝင်ရောက်လာပြီးဖြစ်ပါတယ်။ထါန်းထွန်းမင်း ပွဲတွေ မျှော်လင့်နေကြသူတွေ အနေနဲ့လည်း အားရလောက်မဲ့ မွေ့ထိုင်းလက်ဝှေ့သမား ဆိုင်းယော့ နဲ့ ပွဲဟာလည်း ရက်အတိအကျထွက်လို့လာပြီ ဖြစ်ပါတယ်။

ထွန်းထွန်းမင်းဟာ လက်ဝှေ့ Fighter များထဲတွင်အကျော်ကြားဆုံးဖြစ်ပြီးစွမ်းဆောင်ရည်က ဂုဏ်ယူစရာဖြစ်သလို အသက်မွေးဘဝတူလက်ဝှေ့သမားချင်း ဘဝတွေကို ပုံဖော်မျှဝေမယ်လိုက်လည်းဆိုလိုက်ပါတယ်။မော်ဒယ်မင်းသမီး သရုပ်ဆောင် အေးမြတ်သူ(မမြတ်လေး) နဲ့အတူ ထွန်းထွန်းမင်းတို့ နှစ်ယောက်က ကြိုးဝိုင်းပေါ်က ဘဝတွေကို ဘယ်လိုပုံဖော်သွားမလဲ သိချင်နေကြမှာပါ။ MNTV ရဲ့ အပတ်စဉ် တီဗွီအစိအစဉ်တစ်ခုအနေနဲ့ တိုကျိုမြို့က လက်ခမောင်းသံ ၏ Lethwei Variety Show ကို လစဉ် ၁ ကြိမ် MTV တွင်ပါဝင်တင်ဆက်ပြသသွားမှာ ဖြစ်ပါတယ်။

လက်ဝှေ့သမားများ၏ ခက်ခဲပင်ပန်းစွာ ကြိုးစားအားထုတ်ရမှု၊ လက်ဝှေ့အပေါ် တန်ဖိုးထား ချစ်မြတ်နိုးမှု၊ အောင်မြင်မှု နောက်ကွယ် က ပေးဆပ်မှုတို့ကို Story အဖြစ်ထည့်သွင်းရေးသားပြီး ရသစုံလင်စွာ တင်ဆက်သွားမှာဖြစ်သလို Lethwei in Japan 8 ပြိုင်ပွဲကိုလည်း လစဉ် ၁ ကြိမ် MNTV တွင်ထုတ်လွှင့်ပြသသွားမှာဖြစ်ပါသည်။“Lethwei in Japan” အစီအစဉ် မှာ Pay Per View မှ တစ်ဆင့် လက်ရှိအချိန်တွင် ကမ္ဘာနိုင်ငံပေါင်း ၆၄ နိုင်ငံရှိ ပရိသတ်များမှ စိတ်ဝင်တစား စောင့်စားနေတဲ့ အစီအစဉ်တစ်ခုဖြစ်ပါတယ်။

source: tun tun min; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။