တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဇန်နဝါရီ ၁၉ ရက် နံနက်ပိုင်းတွင် နေပြည်တော်၊ တပ်မတော်ဆေးရုံကြီး၌ ၀ဲဘက်မျက်စိအတွင်းတိမ်အား ခွဲစိတ်ကုသရာ အောင်မြင်စွာပြီးစီးခဲ့ သည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား မျက်စိအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာ ဦးသန်းအောင်နှင့် ပါမောက္ခ ဒုတိယဗိုလ်မှူးကြီးသိန်းအောင်(အငြိမ်းစား)တို့ ဦးစီး၍ မျက်စိအတွင်းတိမ် အားခွဲစိတ်ပြီး မျက်တွင်းမှန်ဘီလူးအစားထိုးကုသမှု (PHACOEMULSIFICATION+FOLDABLE IOL IMPLANTATION) လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ဇန်နဝါရီ ၁၆ ရက်နံနက်ပိုင်းကလည်း ယာဘက်မျက်စိအား အောင်မြင်စွာခွဲစိတ်ကုသပြီးစီးခဲ့ကြောင်းသိရသည်။

မျက်စိအတွင်းတိမ်ရောဂါသည် မြန်မာနိုင်ငံတွင် အဖြစ်အများဆုံး မျက်စိရောဂါတစ်ခုဖြစ်ပြီး တပ်မတော် ဆေးရုံများတွင်သာမက တပ်မတော်နယ်လှည့်အထူးဆေး ကုသရေးအဖွဲ့များဖြင့်လည်း ပြည်သူလူထု အတွင်းတွင်ပါ လူနာအမြောက်အမြားကို ခွဲစိတ်ကုသပေးလျက်ရှိကြောင်း သတင်းရရှိသည်။

သတင်း+ဓါတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။