ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် အကယ်ဒမီခန့်စည်သူဦးစီးတဲ့ မေတ္တာသင်္ဂဟအဖွဲ့ကတော့ မန်တုံစစ်ဘေးရှောင်အမျိုးသမီးငယ်လေးများအတွက် မွန်မြတ်တဲ့အလှူလေးပြုလုပ်ပေးခဲ့ပါတယ်..။

အနုပညာလောကမှာအောင်မြင်မှုတွေအခိုင်အမာရရှိထားသလို ပရဟိတလုပ်ငန်းတွေနဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်မင်းသားတွေထဲမှာ အကယ်ဒမီခန့်စည်သူကလည်း အပါအဝင်ပါပဲ..။

ခန့်စည်သူဦးစီးတဲ့ မေတ္တာသင်္ဂဟအဖွဲ့ဟာ ဓမ္မဝိဟာရဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှာရှိတဲ့ ဆင်းရဲနွမ်းပါးကျောင်းသား/သူ (၄၀၀)ကျော်ကို ပညာသင်ကြားရေးအတွက်ထောက်ပံ့အလှူငွေ (၅၅)သိန်း လှူဒါန်းပွဲနဲ့ မန်တုံစစ်ဘေးရှောင်ဒေသရှိအမျိုးသမီးငယ်လေးများ ပရဟိတအချုပ်အလုပ် ဒီဇိုင်နာသင်တန်း သင်တန်းဆင်းပွဲကိုတော့ ဒီကနေ့မနက်(၁၀)နာရီမှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်..။

အခုတစ်ခါမှာတော့ မေတ္တာသင်္ဂဟအဖွဲ့ရဲ့ (၇)နှစ်တာကာလမှာ အလှူနေရာ(၆၄)ကြိမ်လှူဒါန်းခဲ့ပြီး အလှူငွေကျပ် (၂၇၃၇)သိန်း(၅)သောင်း လှူဒါန်းခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်..။

အဲ့ဒီစစ်ဘေးရှောင်အမျိုးသမီးငယ်လေးများအတွက် ဘဝအာမခံချက်ဖြစ်တဲ့ အလှူအခမ်းအနားပွဲလေးကိုတော့ အလှူရှင်များနဲ့ အနုပညာရှင်များကလည်း ပျော်ပျော်ပါးပါးတတ်ရောက်ခဲ့ကြတာ တွေ့ရပါတယ်..။

အကယ်ဒမီခန့်စည်သူဦးစီးတဲ့ မေတ္တာသင်္ဂဟအဖွဲ့ရဲ့ မန်တုံစစ်ဘေးရှောင် အမျိုးသမီးငယ်လေးများအတွက် ဖွင့်လှစ်သည့် ဒီဇိုင်းနာသီရိဝင်းရွှေ(HeinH) ဦးစီးတဲ့ ဖက်ရှင်၊ဒီဇိုင်း နှင့် အပ်ချုပ်သင်တန်း ပရဟိတပညာဒါန သင်တန်းဆင်းပွဲ အခမ်းအနားပုံရိပ်လေးတွေကိုလည်း Myanmarload ပရိသတ်များအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - ရွှေပိုးအိမ်၊ အေးဇော်မိုး၊ Myanmarload

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။