မိုးရာသီဝင်လာတာနဲ့ မြန်မာနိုင်ငံ တနိုင်ငံလုံးအနေအထားနဲ့ အညီ ရေကြီရေလျှံ ဒုက္ခတွေက ကြုံလာရပြန်ပါပြီ။ဖားကန့်-ဆိုင်းတောင်မြို့ဟာ ထောင်သောင်းချီသော လူတွေဘဝကို အဆင်ပြေရာ၊ ရေကြည်ရာ မြက်နုရာ၊ ကံကောင်းမယ်ဆိုရင် ဘဝပေးပါပြောင်းလဲပေးရာ အချက်အချာကျတဲ့ မြို့လေးဖြစ်ပါတယ်။ 

အိမ်ခြေထောင်သောင်းချီပြီး နေထိုင်ကြသလို အရပ်ရပ်ဒေသက လူတွေဟာ ဖားကန့်-ဆိုင်းတောင် ထိလာပြိး အသက်ဘေးအန္တာရာယ်ကိုတောင် မထောက်ပဲ ကျောက်တူး၊ ကျောက်ကောက်၊ ကျောက်အရောင်းအဝယ်ပြု ဝမ်းစာရှာ ရုန်းကန်ကြရပါတယ်။ မြင့်မားတဲ့တောင်ခြေတောင်တန်းတွေနဲ့ ဥရုမြစ်က ပင်မ မြစ်ကြီးတစ်ခု စီဆင်းနေပြီ မြေမျက်နာပြင်ကလည်း နိမ့်ရာက နိမ့်၊ မြင်ံရာက မြင့်တဲ့  တောင်ပေါ်ဒေသဖြစ်ပါတယ်။ မကြာခဏမြေပြိုမှုတွေ ၊ ကျောက်ကျင်းပြိုမှုတွေ ဖြစ်လေ့ရှိပြီး အသက်တွေလည်း မကြာမခဏဆိုသလို ဆုံးရှုံးရပါတယ်။ 

လတ်တလော အနေနဲ့ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဖားကန့် မြို့မှာ မြေပြို ရေကြီးမှုတွေ ဖြစ်လို့နေပါတယ်။ မှော်စီဇာ- ဖားကန့် လမ်းတံတားတွေအက်ကြောင်းထ မြေပြိုလို့ ပျက်စီးလျှက် ရှိပါတယ်။ ဖားကန့် မြို့နဲ့ ဆိုင်းတောင် မှာလည်း ၁နာရီ မိုင်(၅၀) အမြန်နှုန်းနဲ့ လမ်းမထက် ရေလျှံ ရေဖုံးလျှက် ရှိပါတယ်။ မိုးတွင်း မိုးရာသီ ရေကြီးရေလျှံမှုမှာ မကြာခဏ ဆိုသလို ဖြစ်ပေမဲ့လည်း လမ်းပန်းဆက်သွယ်ရေးခက်ခဲတာကြောင့် လူအများ အခက်တွေ့နေရပါတယ်။ 

source: ဖားကန့် သူ/သားစုစည်းရာ group;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။