Jelena fansတွေကိုရင်နာစေမဲ့ အချက်ကတော့ Justin bieberဟာ 2018 အစောပိုင်းမှာ Selena Gomezနဲ့ ပြန်တွဲခဲ့ပြီးမှ အပြတ်ပြတ် အဆက်ဆက် ဖြစ်နေတဲ့ သူတို့ အချစ်ရေးကို အပြီးသတ်လမ်းခွဲလိုက်ပါတယ်။ Selena ကတော့ လက်ရှိမှာ ချစ်သူသစ်မရှိသေးပေမဲ့ Justinကတော့ သူ့ အရင်ရည်းစားဟောင်းဖြစ်တဲ့ Hailey Baldwin နဲ့ တရားဝင် ပြန်တွဲနေပြီလို့ ဆိုရမှာပါ။

Justin နဲ့ Hailey တို့ relationshipဟာ 2015ခုနှစ် Febuary လ လောက်က စတင် Dateလုပ်ခဲ့ပါတယ်။ ရည်းစားများတဲ့Justinအနေနဲ့ တွဲလိုက်ပြတ်လိုက်နဲ့ မို့ Haileyနဲ့ ခဏတာ တွဲပြီး  သူငယ်ချင်း အဖြစ် ပြန်နေခဲ့ပါတယ်။ နောက်ထပ် 2016ခုနှစ်  January လကနေ  April လောက်ထိ Justin နဲ့ Haileyတို့ ဒုတိယအကြိမ်  Date ပြန်လုပ်ခဲ့ပါသေးတယ်။

Hailey အနေနဲ့ ခဏခဏ တွဲလိုက်၊ပြတ်လိုက် စိတ်အမျိုးမျိုး ပြောင်းနေတဲ့ Justinရဲ့ အနွံတာကို ခံနိုင်တဲ့ ချစ်သူကောင်းလို့ ဆိုရမှာပါ။ 2016 ခုနှစ်မှာ ၄လ လောက်တွဲပြီး အဆက်ပြတ်သွားကြတဲ့ အပြင် 2018 အစောပိုင်းမှာ Selenaနဲ့ အတူတူ ထပ်ရှိနေတဲ့ Justinကို ဘာအပြစ်မှ မမြင်နိုင်ပဲ ချစ်နေခဲ့တယ်လို့ ဆိုရမှာပါ။ Justin Bieber ရဲ့ရင်အတွင်းထိ အမြဲတမ်းနေရာယူထားနိုင်တဲ့ အချစ်ဦးကတော့ Selena ဖြစ်ပေမဲ့ Justinကို နားလည်ပေးပြီး အမြဲတမ်း တံခါး တစ်ချပ်အဖြစ် ရှိနေသူက Haileyလို့ ဆိုရမှာပါ။ 

2018 ရဲ့ မေလ လောက်မှာ Justin နဲ့ Haileyတို့ နှစ်ယောက် ရေကူးကန် တစ်ခုမှာ ရေအတူကူးခဲ့ကြတဲ့ ပုံတွေ လူမှုကွန်ရက်မှာ တက်လာပေမဲ့ သူတို့ဟာ သူငယ်ချင်းပါပဲ လို့ ဆိုခဲ့ပါတယ်။ ဒါပေမဲ့ ခုဆိုရင်တော့ New York လမ်းမထက် နှစ်ဦးသားရွှေလက်တွဲလို့ ပေါ်ပေါ်တင်တင် တွဲနေကြပါပြီ။ Justin ရဲ့ အာရုံတွေကို Hailey အနေနဲ့  ဖမ်းစားလိုက်နိုင်ပြီးလို့ ဆိုရမှာပါ။  Cipriani မှာ နေ့လည်စာ အတူစားပြီး New York မြို့ လမ်းမ ထက် ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွင်ရွင်နဲ့ ဘာအပူအပင်မှ မရှိပဲ Dateလုပ်နေတဲ့ စုံတွဲလေးအဖြစ် တွေ့မြင်ရတာဆိုရင်တော့ Justinပရိသတ်တွေ လည်း  စိတ်ချမ်းသာမယ်လို့ မျှော်လင့်ပါတယ်နော်။ Jelena fans တွေကတော့ Selena ဘက်က ရပ်တည်လျှက်ရှိပြီး Justin နဲ့ အတူပြန်ရှိနေစေချင်ဆဲ ဖြစ်ပါတယ်။ Selena သီချင်းသစ် "Back to You " ရဲ့ အဓိပ္ပါယ်ဟာလည်းJustin အငွေ့အသက်တွေ မပျောက်သေးဘူးလဲ ထင်ကြေးပေးခဲ့ကြပါတယ်။

source : world music awards ; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။