လက်ရှိလူမှုကွန်ယက် ပရိသတ်တွေကြားမှာတော့ နန်းစုရတီစိုးရဲ့ ထူးထူးခြားခြား ဓာတ်ပုံတစ်ပုံ ဟာ အရမ်းကို ပျံ့နှံ့ရေပန်းစားနေခဲ့ပြီး ပရိသတ်တွေကို အံ့သြသင့်စေခဲ့ပါတယ်။အဲ့ဒီဓာတ်ပုံလေးကတော့ လွန်ခဲ့တဲ့ နှစ်တွေက ရိုက်ကူးထားတဲ့ သူမရဲ့ ဓာတ်ပုံလေးတွေထဲကမှ ထူးထူးခြားခြား ဓာတ်ပုံအဟောင်းလေးတစ်ခုပဲ ဖြစ်ပါတယ်။ 

ဓာတ်ပုံလေးထဲမှာတော့ သူမရဲ့ နာမည်နဲ့ တစ်ထပ်တည်းတူနေတဲ့ ရပ်ကွက်ဆိုင်းဘုတ်လေးတစ်ခုနဲ့ အတူယှဉ် တွဲ ရိုက်ကူးထားတဲ့ ပုံရိပ်လေးကို မြင်တွေ့ရပါတယ်။တိုက်တိုက်ဆိုင်ဆိုင်ပဲ သူမရဲ့ နာမည်လေးကလည်း နန်းစု ရပ်ကွက်နာမည်လေးကလည်း နန်းစုရပ်ကွက်ဖြစ်နေတဲ့ ဓာတ်ပုံလေးတစ်ပုံကတော့ ပရိသတ်တွေကို အံ့သြစေ ခဲ့တာပဲ ဖြစ်ပါတယ်။  

နန်းစုရပ်ကွက်ကိုအလည်သွားခဲ့တဲ့ နန်းစုဆိုပြီလည်း ချစ်ပရိသတ်တွေ သဘောကျနေကြတာပဲ ဖြစ်ပါတယ်။ အဆိုပါ နန်းစုရပ်ကွက်ကတော့ စစ်ကိုင်းမြို့ဘက်မှာ တည်ရှိတယ်လို့ သိရပါတယ်။ထူးထူးခြားခြားနဲ့ ပရိသတ် တွေကို အံအားသင့်စေခဲ့တဲ့ နန်းစု ရဲ့ ဓာတ်ပုံဟောင်းလေးတစ်ပုံကိုလည်း ချစ်ပရိသတ်တွေ မျှဝေပေးလိုက်ပါ တယ်နော်။

သတင်းအရင်းအမြစ် - နန်းစု (Photo – We Love Nan Su Yati Soe)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။