Misterတစ်ယောက်ဖြစ်သလို မော်လ်ဒယ်၊မင်းသားတစ်ယောက်လည်းဖြစ်တဲ့ ဥက္ကာမင်းမောင် ဟာ ဆိုရင် လက်ရှိမှာ မြန်မာနိုင်ငံကအနုပညာလောကကနေ ခတ္တခဏ အနားယူလို့ New York မြို့ကြီးမှာ Model ၊မင်းသား တစ်ယောက်အဖြစ် ရပ်တည် ကြိုးစားနေတာကို တွေ့ရမှာပါ။ဥက္ကာမင်းမောင် ဟာ  Mister Tourism World Winner  2016 ဆုကို ရရှိခဲ့သလို ကိုယ်ခန္ဓာအချိုးအစား ကျစ်လျစ်ပြီး Body Transformation ကောင်းတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်ပါတယ်။ အရပ်ဒေါင် ကောင်းကောင်း၊ ကိုယ်ခန္ဓာ Body ခပ်မိုက်မိုက်နဲ့မို့ မိန်းကလေးပရိသတ်တွေ သည်းသည်းလှုပ်ကြွေရတဲ့ ဘီးကျဲကြီးလည်းဖြစ်ပါတယ်။

လတ်တလော ဥက္ကာမင်းမောင်ရဲ့ အချစ်ရေးကို ပရိသတ်တွေ စိတ်ဝင်စားနေသလို လူမှုကွန်ရက်မှာလည်း ပုံတချို့ ဂယက်ထနေပါတယ်။ Foreigner အမျိုးသားတစ်ယောက်နဲ့ ရင်းရင်းနှီးနှီး ရိုက်ထားတဲ့ ပုံတစ်ချို့ ပြန့်နှံနေပြီး ဥက္ကာမင်းမောင်ရဲ့ ချစ်သူပါ လို့ အများကလည်း ဆိုနေကြပါတယ်။ အရွယ်ရောက်ပြီး ယောကျာ်းတစ်ယောက် အနေနဲ့ ချစ်သူမရှိတာ မဆန်းတာမို့ ဥက္ကာမင်းမောင် ရဲ့ Facebookစာမျက်နာတွေအရတော့ ချစ်သူရှိကြောင်းတော့ ဖော်ပြနေပါတယ်။

ဥက္ကာမင်းမောင်ရဲ့ ချစ်သူက ဘယ်သူ ဆိုတာ ပုံနှင့်တကွ အတိအကျ မရေးထားပေမဲ့လည်း အမြဲတမ်း  တစ်ယောက်ကိုတစ်ယောက် အလေးထား ၊ တန်ဖိုးထား ချစ်ကြတယ်ဆိုတာကိုတော့ မြင်တွေ့ရမှာပါ။ ပရိသတ်တွေ စိတ်ဝင်စားနေတဲ့ အမျိုးသားနဲ့တော့ ဥက္ကာမင်းမောင်ဟာ အမြဲအတူရှိနေတတ်ပြီး လိင်တူချစ်ကြိုက်နှစ်သက်တာဟာ မြန်မာနိုင်ငံ အသိုင်းအဝိုင်းမှာလည်း အားလုံးက လက်ခံပြီးသား အရာဖြစ်သလို ဘာမှ မဆန်းကျယ်တာမို့ ဥက္ကာမင်းမောင် ချစ်သူအနေနဲ့ မည်သူဖြစ်စေ၊ သူ့အနုပညာနဲ့ ကြိုးစားမှုကို ဆက်လက်အားပေးကြပါဦးနော်။

လက်ရှိ ဥက္ကာမင်းမောင်ဟာ New York မြို့မှာ နေထိုင်ပြီး မြန်မာနိုင်ငံသား မင်းသား၊ မော်လ်ဒယ်တစ်ယောက်အဖြစ် ရပ်တည်လျှက်ရှိပြီး "Dead of Night" ရုပ်ရှင် ဇာတ်ကားကြီးမှာ အဆင့်ဆင့်လူရွေးခံ ဖြတ်ကျော်လို့ ခုဆိုစကာတင် မင်းသားတစ်ယောက်အဖြစ် ပါဝင်လို့ သရုပ်ဆောင်နေပြီဖြစ်ပါတယ်။ အနုပညာရှင်တိုင်း တိုးပေါက်ဖို့ မလွယ်တဲ့ New Yorkရဲ့ အနုပညာလောကမှာ ကြိုးစားနေတဲ့ ဥက္ကာမင်းမောင်ကို ဆက်လက်အားပေးကြပါဦး။ 

source : Okkar Min Maung ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။