ဇွန်လ ၂၄ ရက်ဟာ ကမ္ဘာ့ကျော်ဘောလုံးသမားတစ်ဦးဖြစ်တဲ့ မက်ဆီရဲ့ မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ ယခုနှစ်မွေးနေ့လေးကတော့ မက်ဆီရဲ့ (၃၁)နှစ်ပြည့်မွေးနေ့ ရက်မြတ်လေးလည်းဖြစ်ပါတယ်။မက်ဆီရဲ့ မွေးနေ့ လေးမှာ တကယ့်ကိုထူးထူးခြားခြားနဲ့ အံသြသွားစေမယ့် မွေးနေ့လက်ဆောင်တစ်ခုကို ရရှိလိုက်ပါတယ်။

အဆိုပါမွေးနေ့လက်ဆောင်ကိုတော့ ရုရှားနိုင်ငံ၊ မော်စကိုမြို့က ကိတ်မုန့်ရောင်းချသူတွေဖန်တီးပြုလုပ်ပေးခဲ့ ကြတာပဲ ဖြစ်ပါတယ်။ကိတ်မုန့်ပညာရှင်တွေဟာ မက်ဆီရဲ့ကိုယ်လုံးအရွယ်အစားနဲ့ တစ်ထေရာတည်း ထပ်တူ ကျတဲ့ မက်ဆီပုံတူ ချောကလက်ကိတ်မုန့် အကြီးစားကြီး တခုကို ပြုလုပ်ဖန်တီးပေးတာပဲဖြစ်ပါတယ်။လက်ရှိ ကမ္ဘာ့ ဖလားမှာ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ အာဂျင်တီးနားဘောလုံးအသင်း ဝတ်စုံကိုဝတ်ဆင်ထားတဲ့ မက်ဆီ ရဲ့ ပုံတူကိတ်မုန့်ကြီးကတော့ ပရိသတ်တွေအတွက် အရမ်းကိုသဘောကျစေခဲ့ပြီး မက်ဆီလည်း အထူးနှစ် ခြိုက် သဘောကျမယ်ထင်ပါတယ်။  

ဧရာမကိတ်မုန့်ကြီးကိုတော့ ကမ္ဘာ့ဖလားဘောလုံးပွဲမှာ ပါဝင် ယှဉ်ပြိုင်နေတဲ့ အာဂျင်တီးနား အသင်းတည်း ခိုတဲ့နေရာမှာ အနီးမှာ မွေးနေ့ကိတ်ခွဲပွဲအဖြစ်ကျင်းပခဲ့တာပဲဖြစ်ပါတယ်။ မက်ဆီဟာ သူ့မွေးနေ့ကို ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ရင်း ကုန်ဆုံး မယ်ဆိုတာ သိရှိခဲ့ပြီးနောက် အခုလိုကိတ်မုန့်လုပ်ဖို့ စိတ်ကူးရလာတာလို့ မုန့်ကို ပြုလုပ်ခဲ့တဲ့ အယ်လ်တူရှီဗာ မုန့်တိုက်က ပြောပါတယ်။ရင်ခုန်စရာကောင်းတဲ့ မက်ဆီရဲ့ ပုံတူကိတ်မုန့်ကြီးရဲ့ ပုံရိပ်တွေကိုလည်း ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက် ပါတယ်နော်။ 

သတင်းအရင်းအမြစ် - Evening Standard News 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။