သူမကိုယ်သူမ တစ်တုတ်လေးကို အမြဲသုံးနှုန်းတတ်တဲ့ သရုပ်ဆောင်မေပန်းချီတစ်ယောက် " ကိုယ်ချစ်သော ပုဂံ " ဆိုပြီး ပုဂံရှေး ဟောင်းမြို့တော်မှာရိုက်ကူးထားတဲ့ သူမရဲ့ချစ်စဖွယ် ပုံရိပ်လေး တွေကို တင်ထားတာဖြစ်ပါတယ်။ အဖြူရောင်အင်္ကျ ီလေးနဲ့ သူမရဲ့ရိုးရိုးရှင်း ရှင်းအလှလေးက ကြွေချင်စရာပါပဲ။

သူမဟာ အနုပညာလောကမှာ ရပ်တည်နေတာအချိန်အတော်ကြာခဲ့ပြီးဖြစ်ပြီး သူမကို အား ပေးချစ် ခင်တဲ့ပရိသတ်တွေကလည်း အများအပြားပါပဲ။ အနုပညာလှုပ်ရှားမှုတွေ ဆက် တိုက်လုပ်နေသူ လည်းဖြစ်ပါတယ်။ " ၀၀ပြည့်ပြည့်ကိုချစ်ပါ ပြည့်ပြည့်၀၀ ပြန်ချစ်ခံရ လိမ့်မယ် " ဆိုတဲ့စကားလေးဟာ သူမလို လှတပတခန္ဓာကိုယ်ပြည့်ဖြိုးသူတွေအတွက်ပါပဲ။

ပုဂံမှာ နာမည်ကြီးလွန်းတဲ့ လက်ပန်းချီပုံဖော်ထားတဲ့ သူမရဲ့အလှပုံရိပ်တွေဟာ ရိုးရိုးလေးနဲ့ ချစ်စရာကောင်းလွန်းနေပါတယ်။ လက်ရှိမှာတော့သူမက ပုဂံကနေ ကလောမြို့ကိုသွားနေ ပြီပဲဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ မေပန်းချီရဲ့ ပုဂံဘုရားမှာရိုက်ကူးထားတဲ့ သနပ်ခါးလေးနဲ့ ချစ်စဖွယ်ရိုးရိုးရှင်းရှင်းအလှပုံရိပ်လေးတွေ ကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက် ပါတယ်နော်။

Photo - မေပန်းချီစိုးနောင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။