ကျွန်မလေ အရင်က “ငါတစ်နေ့ကျရင် လွတ်လပ်တဲ ့ ဒီမိုုကရေစီနိုုင်ငံတစ်ခုုမှာ နေကိုနေရမယ် သွားနေမယ်”လို့ စိတ်ကူးခဲ့ဖူးတယ်။ နိုုင်ငံတော်တော်များများမှာ မရှိတဲ့ လွတ်လပ်စွာပြောဆိုုနိုုင်ခွင့်တွေ ကိုုယ်လုုပ်ချင်တဲ့ ဘယ်အရာမဆိုု လွတ်လွတ်လပ်လပ် လုုပ်ခွင့်တွေရတဲ့ နိုုင်ငံမျိုးမှာပေါ့ ~

အဲ့စိတ်ကူးလေးကိုု အကောင်အထည်ဖော်ဖြစ်ခဲ့တာတော့ ၂၀၀၀ ခုနှစ်လောက်ကပေ့ါ~ ကျွန်မမိသားစုုအတွက် ကိုုယ့်နုုိင်ငံ က လှုံခြံူမှုမရှိတော့တဲ့ အခြေအနေမှာ ကျွန်မ Australia ကိုုပြောင်းခဲဲ့့ဲကြတယ်။ အဲ့အချိန်တုုန်းက ကျွန်မဝတ်ချင်တဲ့ အဝန်အစားမျိုးကို လွတ်လွတ်လပ်လပ် ဝတ်လိုု့ရခဲ့တယ်။ အတိုုဝတ်လိုု့ ဝေဖန်မယ့် ပတ်ဝန်းကျင် အသိုုင်းအဝိုုင်းလဲ မရှိဘူး ကိုယ့်စိတ်တိုင်းကျ နေခွင့်ရခဲ့တယ်~

ဒါပေမယ့် ကိုယ့်ရဲ့ အိပ်မက်ဖြစ်တဲ့ ကိုယ်ပိုင် မိသားစုလေးကို လိုချင်တာလေးတစ်ခုထဲနဲ့ လက်ထပ်ခြင်း ဆိုုတဲ့ ခေါင်းစဉ်အောက်မှာ ကျွန်မဘဝကိုု ကျွန်မ အချိန်အကြာကြီး မြှုပ်နှံ ထားမိခဲ့တယ်။ မိသားစုလေး ပျောရွှင်ဖို့ဆိုတာ အိမ်ထောင်ရေးအဆင်ပြေမှ ရမှာကိုး... ဒီတော့ အဆင်ပြေဖို့အတွက် ကျွန်မကြိုက်တဲ့ အစားအသောက်တွေ အဝတ်အစားတွေ ၀ါသနာပါတဲ့ Modeling ပိုုင်းနဲ့ photo shootsတွေ အကုုန်လုံးကိုု စွန့်လွတ်ခဲ့တယ်။

ကျွန်မကိုု တစ်ချို့လူတွေက ဘယ်လိုုထင်ကြလဲဆိုုတော့ မသန္တာလှိုင်က ချမ်းသာတဲ့ ဘရူနှိုင်းဘုုရင်တစ်ယောက်နဲ့ လက်ထပ်ပြီး ဘရူနှိုင်းက ကြီးကျယ်ခမ်းနားတဲ့ နန်းတော်လိုု နေရာမျိုးမှာ ရွှေပေါ်မြတင် နေနေရတယ်ပေါ့……….

အဲ့လို မဟုုတ်ရပါဖူးရှင်..တကယ်တော့ ကျွန်မက ကျွန်မရဲ့ မိတ်ဆွေ အပေါင်းအသင်းတွေ ၀ါသနာပါတဲ့ အလုုပ်တွေ ပညာရေးတွေ အားလုုံးကိုု ကျောခိုုင်းပြီး ကျွန်မ အရမ်းလိုုချင် တောင့်တခဲ့ရတဲ့ Happy family life လေးကိုု ပေးနိုုင်မယ်ထင်တဲ့ ယောကျ်ားတစ်ယောက်ကိုု လက်ထပ်ခဲ့တာပါ~သူနဲ့အတူတူပဲ Australia မှာ ရိုုးရှင်းတဲ့ သာမန်ဘဝကိုု ဖြတ်သန်းခဲ့တာပါ။

တကယ်တန်းကျတော့ ကျွန်မရဲ့ အကောင်အထည် ဖာာ်လိုက်တယ်လို့ ထင်ရတဲ့ အဲ့ဒိစိတ်ကူးတွေက အိပ်မက်သာသာ ဖြစ်နေခဲ့တယ်။ ကိုုယ့်ကိုုကိုုယ် အိပ်မက်မက်နေတယ်ဆိုုတာ သိလိုုက်ရတဲ့နောက် လန့်နိုုးလာတဲ့ အချိန်မှာတော့ ၆နှစ်ဆိုတဲ့ အချိန်ဟာ ကုန်ဆုံးသွားခဲ့ပြီ... ကျွန်မတိုု့ ကြိုးစားပြီး ရှာဖွေထားတဲ့ အိမ်ရဲ့ အပေါင်စာချုပ်၂ခုုရယ်.... ~ မပြီးဆုုံးသေးတဲ့ ကျွန်မရဲ့ Degree ဘွဲ့ရယ်~ကျွန်ရင်ခွင်ထဲက လူမဖြစ်သေးတဲ့ ကလေးတစ်ယောက်ရယ် ~ နောက်ပြီး ကျွန်မအပေါ် သစ္စာရှိမယ်လိုု့ အထင်မှားခဲ့တဲ့ ယောကျ်ားတစ်ယောက်ရယ် ဒါပဲကျန်ခဲ့တယ်။

နောက်တော့ ကိုယ့်ပြဿနာတွေ ကိုယ်ပဲ အားလုုံးဖြေရှင်းယတာပါပဲ... အဲ့ဒီနောက်ပိုင်း မှန်ကြည့်လိုက်ရင် “စိတ်ကူးထဲက ဘဝကိုု ပုုံဖော်ချင်ခဲ့လိုု့ ကိုယ့်ရည်မှန်းချက် သူ့ဝါသနာ အားလုုံးကိုု စွန့်လွတ်ခဲ့တဲ့ အတွက်အချက် ညံ့မှားတဲ့ ခပ်ညံ့ညံ့ မိုုက်ရူးရဲဆန်ဆန် မိန်းမတစ်ယောက်" လိုု့ ကိုုယ့်ကိုုကိုုယ် မြင်လာခဲ့တယ်။

အဲ့ဒီ အချိန်မှာ ကျွန်မကိုယ့်ကိုကိုယ် မေးခွန်းတစ်ခု ထုတ်ခဲ့ပါတယ်.. "ကိုုယ်ဖြစ်ချင်တဲ့ အရာတစ်ခုုအတွက် ကိုုယ်မှာ ရှိတဲ့ အရာအားလုုံးကိုု စွန့်လွတ်ခဲ့တာတောင် ဘာလိုု့မျှော်လင့်ထားသလိုု ဖြစ်မလာရတာလဲပေါ့?? "………

နောက်ဆုုံးကိုယ်ဆိုတာ ကိုယ်မဟုတ်တော့သလို ခံစားလာရတယ်... Australia တိုက်အကြီးကြီးထဲမှာ သွားချင်တဲ့နေရာသွားလို့ရတဲ့ လှောင်ကျနေတဲ့ ငှက်လိုမျိုး သလို ဖြစ်ခဲ့တယ်။

ဒီလိုုနဲ့ Natural Therapist (သဘာဝကုုထုုံးပညာရှင်) တွေနဲ့ သွားတွေ့တယ်~Nutritional Diploma သင်တန်းတွေတက်တယ်~Dancing lesson တွေလေ့ကျင့်ရင်းပဲ အချိန်ကုုန်ခဲ့တယ်။

တကယ်တန်း ဝန်ခံရရင် အဲ့တုုန်းက ကျွန်မ ဘယ်လမ်းကိုု ဘယ်လိုုဆက်လျှောက်ရမှန်း မသိအောင် ဖြစ်နေခဲ့တာ………… ကိုယ်အဖြစ်ချင်ဆုံးက ဘာလဲဆိုတာ ကိုယ့်ကိုကိုယ် သေချာပြန်မေးပြီးတော့ မပြီးပြတ်သေးတဲ့ ဘွဲ့ကို ပြန်ယူဖို့ ပြင်ဆင်ခဲ့တယ်... မကြာမီမှာပဲ

ကျွန်မဟာ ဥပဒေ ဘွဲ့အတွက် Contract Class တွေတက်နေပါတယ် ~ UN မှာ လုပ်အားပေးအနေနဲ့ Egypt ကိုု ခရီးတွေထွက်တယ် အလုပ်တစ်ခုအတွက် ထွက်ရင် Magazine cover တွေအတွက် ဓာတ်ပုံတွေပါ ရိုက်ရင်း ဘဝလေးက အဓိပ္ပါယ်တွေ ပြန်ရှိလာပါတယ် ~ Sydneyရဲ့ အကောင်းဆုုံး private school မှာသမီးလေးကိုု ထားပြီး သူနဲ့ စကားတွေပြောပြီး အဖော်ပြုပေးတယ် ~ ကျွန်မရဲ့ မပြီးသေးတဲ့ LLB ဘွဲ့ကိုု ပြီးအောင် ဆက်တက်တယ်

တစ်ပြိုင်ထဲမှာပဲ Bachelor ဘွဲ့အနေနဲ့ ကျွန်မဝါသနာ ပါတဲ့ စိတ်ပညာ Psychology ဘွဲ့ကိုု ထပ်ယူခဲ့တယ်။ ဒီတစ်သက်တော့ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ထင်ခဲ့တဲ့ မိသားစုလေး မပြိုကွဲပဲ ရန်ကုန်မှာ ပြန်နေဖို့ဆိုတာ ဘယ်လို ဖြစ်နိုင်မလဲ စဉ်းစားခဲ့တယ်....

ထွက်သွားကတည်းကလဲ သွားချင်လွန်လို့ မဟုတ်ပဲ ပျော်ရာမှာ မနေ တော်စာမှာနေဆိုသလို ဒီမှာ နေလို့ မဖြစ်တော့လို့ အနီးစပ်ဆုံး နိုင်ငံ တစ်ခုကို ထွက်သွားခဲ့တာဆိုတော့ အခွင့်အရေးရတာနဲ့ ပြန်လာချင်တာ မဆန်းပါဘူး..။

ကိုယ့်ရဲ့ စွန့်ခဲ့တဲ့ အိပ်မက်တွေကို ပြန်ပြီး အကောင်အထည် ဖော်နိုင်တဲ့ အချိန်မှာ ကျွန်မရဲ့ မွေးရပ်မြေကို ပြောင်းပြီးလို့ တစ်မိသားစုလုံးဟာ ကျွန်မရဲ့ အိမ်ထောင်ဦးစီးမှူ အောက်မှာ ရောက်နေပါပြီ။

အဲ့ဒါကြောင့် လူတိုုင်းကိုု ကျွန်မပြောချင်တာက အထူးသဖြင့့် ဆယ်ကျော်သက် ကောင်မလေးတွေ ကောင်လေးတွေ ကိုုပေါ့နော်……..ကိုုယ့်ဘဝရဲ့ အရေးကြီးတဲ့ အစိတ်အပိုုင်းတွေ အဓိပ္ပါယ်ရှိတဲ့ အရာတွေ ကိုုယ့်ဝါသနာတွေ အိပ်မက်တွေကို ဘယ်လိုုအကြောင်းနဲ့မှ မစွန့်လွတ်လိုုက်ပါနဲ့ လိုု့……….

တကယ်တန်းပြန်စဉ်းစားကြည့်လိုုက်ရင် တစ်စုုံတစ်ယောက်အတွက်နဲ့ ကိုုယ်ချစ်တဲ့အရာတွေကိုု စွန့်လွတ်ဖိုု့ ဆိုုတာမဖြစ်သင့်ပါဖူး စွန့်လွတ်ဖိုု့လဲ မတန်ပါဖူး…..

ဆရာတော် ဦးဇောတိကက မိန့်တော်မူဖူးတယ်……”လုူဆိုတဲ့ အမျိုးက ကိုုယ့်ကိုုကိုုယ်သာ အချစ်ဆုုံးတဲ့….မိမိကိုယ်ထက် တစ်ခြားလုူတစ်ယောက်ကိုု မချစ်နိုုင်ကြဖူးတဲ”့……..

ဟုုတ်ပါတယ်…..လူဆိုုတာ ကိုုယ့်ပတ်ဝန်းကျင်က လူအကုုန်လုုံးကိုုတော့ ပျော်အောင်မထားနိုုင်ပေမယ့် ကိုုယ်ချစ်တဲ့ မိိဘတွေ ခင်ပွန်းတွေ အမြဲ ပျော်ရွှင်အောင် ကျေနပ်အောင် ထားချင်ကြတဲ့လူချည်းပါပဲ…….ချစ်တဲ့သူ အတွက်ဆိုု ကိုုယ့်ဘဝကိုု် ပြောင်းလဲပြစ်တာတိုု့ စွန့်လွတ်တာတိုု့တောင် လုုပ်နိုုင်ကြတာ လုူ့သဘာဝပါ။

လုူဆိုုတာက ကိုုယ့်ဘက်က အများကြီး ပေးဆပ်ခဲ့ပေမယ့်

ကိုုယ်မေ ျှာ်လင့်ထားသလိုု ဖြစ်မလာတဲ့ အခါကျ ဘယ်ကျေနပ်နုုိင်ပါ့မလဲ…….အဲ့ဒီမှာ ပေါ်လာပြီလေ ကိုယ်ဟာ သုူများဆီက တစ်ခုုလိုုချင်လိုု့ ကိုယ်က အရင်စွန့်ပြတာ ဆိုတာ..

ဒါပေမယ့် တစ်သက်လုုံး သူများအတွက်ပဲ ကြည့်ပြီး ကိုုယ့်ဘဝကိုု အနစ်မွန်း ခံလိုုက်တော့မှာလား……ကုုိယ့်ရည်မှန်းချက်တွေ မျှော်လင့်ချက်တွေကိုုရော လက်လွှတ် လိုုက်တော့မှာလား?…………

စဉ်းစားကြည့်သင့်ပါတယ်။

ဘုုရားရှင်တောင်မှ လူသားတိုုင်းရဲ့ ဆန္ဒကိုု မဖြည်းဆည်းပေးနိုုင်ဖူးလေ.. ကိုယ်ဆိုတာကရော လူပဲမဟုတ်လား? ဘုရားတောင် အလိုမလိုက် နိုင်တဲ့ လူဆိုတာတွေကို ကိုယ့်တစ်ဘဝလုံး စွန့်ပြီးတော့ အလိုလိုက်ရင်တောင်မှ ဘယ်လိုလူမျိုးက ကျေနပ်နိုင်မှာလဲ? ကိုယ်စွန့်လွတိတာတွေကို နားလည်ပြီး တန်ဖိုးထားနိုင်မှာလဲ?

တစ်ကယ်ပဲ တန်ဖိုးထားတတ်တဲ့ လူဆိုရင်ရော ကိုယ့်ကို တန်ဖိုးထားလွန်းလို့ ကိုယ်ဆိုတဲ့ တစ်စိတ်တစ်ပိုင်းကို သူ့လိုရာ တစ်ခုလေးကိုပဲ ကြည့်ပြီး ကိုယ့်ကို စွန့်လွတ်ခိုင်းမှာလား? တစ်ကယ် လေးစားတတ်တန်ဖိုးထားတတ်တဲ့ လူမျိုးက အဲ့လို မိုက်ရူးရဲ ကိုယ့်ကိုယ်ကိုယ်တောင်မှ မသိတတ်တဲ့ မချစ်တတ်တဲ့ သူမျိုးကိုရော အထင်ကြီးနိုင်မှာတဲ့လား?...

သေချာ စဉ်းစားကြည့်နော်...

တစ်ကယ်ပဲ ပြည့်တင်းတဲ့ ဘောင်ပင်မခတ်တဲ့ စိတ်ဓာတ်ရှိတဲ့ လူမျိုးဆိုတာက သူများရဲ့ အိပ်မက်တွေ စွန့်ပြီး အချစ်ခံရမှ ပြည့်စုံတယ် ချစ်ခံရတယ်လို့ ထင်တဲ့လူမျိုး မဟုတ်ပါဘူး။ သူဟာ ဒီတစ်ယောက်ကို အရှိအတိုင်း ချစ်လို့ လက်ခံနိုင်လို့ အတူလက်တွဲဖို့ ကြိုးစားတဲ့ လူမျိုးပါ။ သူနဲ့ လက်တွဲလို့ ကိုယ့်အတွက် နစ်နာ ဆုပ်ရုပ်တာကို လက်ခံပြီး ကြည်နူးတဲ့ လူမျိုးဆိုရင်ကော.... စွန့်ပြီး ချစ်ဖို့သင့်တဲ့ လူစားထဲမှာ ပါရဲ့လား? အဲ့လိုမျိုး မစဉ်းစားခဲ့ မိဘူး....

ဒါကြောင့် လူငယ်လေးတွေကို ပြောချင်တာက ရခဲလှတဲ့ လူ့ဘဝလေးမှာ မိမိကိုုယ်ကိုု ပျော်အောင်နေပါ…..မိမိကိုယ်ကို ချစ်ပါ…မိမိဘဝထက် တစ်ခြားလူ တစ်ယောက်ကိုု ပိုုမချစ်တယ် ဆိုတဲ့ ရူးသွတ်တဲ့ အတွေးတွေနဲ့ မချွတ်ချော်ပါစေနဲ့... ကိုယ့်ကိုယ်ကို မချစ်ပဲ သူများကို ပိုချစ်တယ်ဆိုတာ စိတ်ကူးယဉ် စကားတွေပါ။

အဲ့ဒါကြောင့် အမက အမကြုံခဲ့ရတဲ့ အတွေ့အကြုံတွေကို ဥပမာထားပီး ဆုုံးဖြတ်ချက်တွေ မမှားရလေအောင် ပြောပြချင်တာပါ။

တကယ်လိုု့များ ကိုုယ့်ကိုု တစ်စုုံတစ်ယောက်က ပြန်ချစ်လာဖိုု့အတွက်နဲ့ ကိုုယ့်မှာရှိတဲ့ အရာအားလုုံးပေးဆပ်လိုက်ဖို့ ဆုံးဖြတ်ထားတယ်ဆိုုရင် အမကတော့ ဒါတွေက ငါ့ ရည်မှန်းချက် အစစ်တွေလား ငါဖြစ်ချင်တာ ဒါရောဟုုတ်ရဲ့လား။ မဟုုတ်ဖူးဆိုုရင် ငါ့ရည်မှန်းချက် မေ ျှာ်လင့်ချက် အစစ်တွေကရော ဘယ်ရောက်သွားပြီလဲ ဆိုုပြီး သေချာလေး ပြန်စဉ်းစားကြည့်စေချင်တယ်………

ကိုုယ့်ကိုုကိုုယ် ချစ်ကြပါ တန်ဖိုုးထားကြပါ……ကိုုယ်မဟုုတ်တဲ့ တခြားလူတစ်ယောက်ကိုု ကိုု့ဘဝနဲ့ရင်းပြီး ချစ်တယ်ဆိုတဲ့ မဟုတ်မမှန်တဲ့ စိတ်ကူးယဉ် ဇတ်လမ်းနဲ့ အချစ်စစ်နဲ့ မမှားစေဖို့ ဒီကနေ ဆုံးမရင်း... 

anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။