ပရိသတ်အချစ်တော် သရုပ်ဆောင်မင်းသမီးချော ချောရတနာကိုတော့ အားလုံးချစ်နေအုန်းမယ်ထင်ပါတယ်။ အနုပညာအလုပ်တွေနဲ့ဝေးကွာခဲ့ပေမယ့် လက်ရှိအထိအားပေးနေတဲ့ပရိသတ်တွေများစွာရှိနေသေးတာတွေ့ရပါတယ်။လက်ရှိ ချောရတနာကတော့ ချစ်စရာ သားသမီးလေးတွေနဲ့ ပျော်ရွှင်စရာမိသားစုဘဝလေးကို တည်ထောင်ထားသူတစ်ယောက်လည်းဖြစ်ပါတယ်။

ဒီကနေ့ ချောရတနာရဲ့ဖေ့စ်ဘွက်စာမျက်နှာပေါ်တွင် ရှုံးနိမ့်သူတိုင်းအတွက် အင်အားဖြစ်စရာ စာသားလေးတစ်ခုကို ရေးသားခဲ့တာတွေ့ရပါတယ်။ အဆိုပါ စာသားလေးကတော့

"တစ်ကြိမ်မအောင်မြင်တိုင်း

ထပ်ကြိုးစားချင်စိတ် မရှိအောင်

ပြောဆိုတက်တဲ့ လူရဲ့စကားကို ခေါင်းထဲမထည့်ပါနဲ့

သင်သာ ဘယ်လိုဆက်ကြိုးစားရမလဲ ဆိုတာသာ ခေါင်းထဲထည့်ပါ

ကိုယ့်ကိုကိုယ် ပညာပေးရင်းမျှဝေပါသည်။ love you all "ဟူ၍ ရေးသားထားတာပဲဖြစ်ပါတယ်။

အနာဂတ်အတွက် ကြိုးစားရုန်းကန်သူတိုင်းလဲကျနေစမြဲဖြစ်ပါတယ်။ အဆိုပါ လဲကျသူတွေအတွက် အားဆေးတစ်ခွက်ကို တိုက်ပေးခဲ့တဲ့ ပရိသတ်အချစ်တော်ချောရတနာရဲ့စာသားလေးကို ပရိသတ်တွေလည်း သဘောကျမယ်ထင်ပါတယ်။ လဲကျနေတဲ့ စိတ်ဓာတ်တွေပြန်လည် နိုးထရင်း ပန်းတိုင်ဆီကို ဆက်လှမ်းနိုင်ပါစေဆုတောင်းရင်း ဒီကနေ့ချောရတနာရဲ့ စာသားလေးနဲ့ချစ်ပရိသတ်တွေကိုမျှဝေပေးလိုက်ပါတယ်။

Photos - Chaw Yadana

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။