စစ်ကိုင်းတောင်ရိုး IBEC အပြည်ပြည် ဆိုင်ရာ ဗုဒ္ဓဘာသာ ပညာရေး စင်တာရဲ့ ကျောင်းအုပ် ဆရာတော် ဦးသောဘိတကို ဆွီဒင် နိုင်ငံ၊ စတော့ဟုမ်း အပြည်ပြည် ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေး ကွန့်ဖရင့်က ငြိမ်းချမ်းရေးဆု ချီးမြှင့် လိုက်ပါတယ်။ငြိမ်းချမ်းရေးကို ဖော်ဆောင်တဲ့ ပညာရေး လုပ်ငန်းတွေ၊ မတူကွဲပြားမှုကို လက်ခံပြီး လူသား အချင်းချင်း ပြန်လည် စာနာ ထောက်ထား တဲ့ လုပ်ငန်းတွေနဲ့ ပြည်တွင်းနဲ့ နိုင်ငံ တကာ ငြိမ်းချမ်းရေး ဖြစ်စဉ် တွေမှာ ပါဝင် ဆောင်ရွက် နေလို့ ခုလို ဆုချီးမြှင့် ခံရတာလို့ IBEC ဗုဒ္ဓဘာသာ ပညာရေးစင်တာရဲ့ ကျောင်းအုပ်ဆရာတော် ဦးသောဘိတက မိန့်ပါတယ်။

ဒီငြိမ်းချမ်းရေးဆုကို United Nations and Universal Peace Federation ကုလသမဂ္ဂနဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး ဖက်ဒရေးရှင်း၊ ဆွီဒင် နိုင်ငံရဲ့ စတော့ဟုမ်း အပြည်ပြည် ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေး အဖွဲ့နဲ့ ကမ္ဘာလုံး ဆိုင်ရာ ငြိမ်းချမ်းရေး အဖွဲ့တွေက ရွေးချယ် ပေးအပ်တာ ဖြစ်တယ် လို့လည်း ဆရာတော် က မိန့်ပါတယ်။BEC ဗုဒ္ဓဘာသာ ပညာရေး စင်တာက ကမ္ဘာ့ လူ့အဖွဲ့အစည်းနဲ့ အသွင်မတူတဲ့ သူတွေ ကြားမှာ ဗုဒ္ဓဘာသာ ဆိုတာ Peace and Harmony (ငြိမ်းချမ်းရေးနဲ့ သဟာဇာတ ညီညွတ်မျှတမှု)ကို ဖော်ဆောင်တဲ့ ဘာသာ ဖြစ်တယ် ဆိုတာကို ပြသပေး နေတယ်လို့လည်း ဆရာတော်က မိန့်ပါတယ်။

ရခိုင် မြောက်ပိုင်း ပဋိပက္ခတွေနဲ့ သတင်းမှား fake news တွေကြောင့် ကမ္ဘာ့ အလယ်မှာ ဗုဒ္ဓဘာသာကို နိုင်ငံတော်တော် များများက အမြင်စောင်းတာ ရှိနေချိန်မှာ ကမ္ဘာ့ငြိမ်းချမ်းရေးဆု လက်ခံ ရရှိတာက ငြိမ်းချမ်းလှတဲ့ ဗုဒ္ဓဘာသာ ပေါ်မှာ လွဲမှား နေတာတွေကို တစ်ပိုင်းတစ်ကဏ္ဍ အနေနဲ့ ချေဖျက် ပစ်နိုင်လိမ့် မယ်လို့ ဆရာတော်ဦး သောဘိတက မိန့်ပါတယ်။ဒီဆုဟာ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေမှာ ပူးပေါင်း ပါဝင်တဲ့ ပုဂ္ဂိုလ်တွေကို ရွေးချယ် ပေးအပ်တာ ဖြစ်ပြီး ဆရာတော်နဲ့ အတူ အာဖဂန် နစ္စတန်၊ နီပေါ၊ အိန္ဒိယနဲ့ အမေရိကန် နိုင်ငံက ငြိမ်းချမ်းရေး လုပ်ငန်းတွေကို လုပ်ဆောင် နေတဲ့ သူတွေပါ ရရှိခဲ့ပါတယ်။ဆုပေးအပ်ပွဲကို လာမယ့် ဇွန်လ ၂၉ ရက်မှာ ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့မှာ ကျင်းပမယ်လို့လည်း ဆရာတော်က မိန့်ဆိုပါတယ်။

Source - IEBC 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။