စက်စဲကမ်းခြေရှိ ကျိုက်စောရေလယ်စေတီတော်မြတ်ကြီး၏စိန်ဖူးတော်ပျောက်ဆုံး

ဇန်နဝါရီ ၁၈ရက်နေ့က သံဖြူဇရပ်မြို့နယ်၊ ကရင်သောင်ကျေးရွာအုပ်စုအတွင်းရှိ စက်စဲပင်လယ်ကမ်းခြေနှင့် ၁ မိုင်ခန့်အကွာအဝေးပင်လယ်ပြင် ပေ ၂၀၀ ခန့်အမြင့်ရှိသောကျောက်ဆောင်ပေါ်တွင်တည်ထားကိုးကွယ်ထားသည့် ရှေးဟောင်းသမိုင်းဝင်ဆံတော်ရှင်ကျိုက်စောရေလယ်ဘုရာကြီးစေတီတော်မြတ်၏စိန်ဖူးတော်ပျောက်ဆုံးမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။

"အခု သူ့ကို ရဲကဖမ်းထားတယ်။ သူသည်ဘုရားမှာနေတာ ၇ နှစ်နီပါးလောက်ရှိပြီး။ စိန်ဖူးမပျောက်ခင်သုံးလေးရက်ကရသေ့တစ်ပါးနေသွားတယ်ဆိုပြီး ရသေ့ကိုပါခေါ်စစ်တော့ သူတယောက်ထဲဘဲလို့ဝန်ခံတယ်။ မဆိုင်တဲ့သူကိုဆွဲမထည့်နဲ့လွှတ်ပေးလိုက်ပြောတယ။် သူဘယ်လိုတက်ယူခဲ့ကြောင်းပြောဆိုပြီးတော့ အခုတော့သူမဟုတ်ပြန်ဘူးတဲ့” ဟုု သူကဆက်ပြောပါသည်။

"သူတယောက်ထဲဘယ်လိုမှမဖြစ်နိုင်ဘူးလို့ထင်တယ်။ သူ့နာမည်ကဦးခင်ချို။ဧရာဝတီတိုင်ညောင်တုန်းဇာတိဖြစ်ပြီး ဒီစက်စဲမှာအိမ်ထောင်ကျနေကြောင်း၊ စေတီတော်ဂေါပကဥက္ကဌဖြစ်သူဦးလှဖေမှသံလွင်တိုင်းမ်သို့ပြောပါသည်။

ကျမတိုအဲဒီနေ့ကဘုရားပန်းလဲ၊ သန့်ရှင်ရေးလုပ်ဖို့သွားတယ်။ အပတ်စဉ်စနေနေ့တိုင်းတပတ်တစ်ခါ ကျမတို့အဖွဲ့တွေဘုရားမှာဝေယျာဝစ္စလုပ်ဖို့အမြဲတမ်းသွားတယ်။ အဲဒီနေ့ကကျမအပါဝင် ၆ ယောက်သွားကြတယ်။ ပြီးခဲ့တဲ့အပတ်စနေနေ့ကစိန်ဖူးတော်ရှိသေးတယ်။ ဒီအပတ်သွားတော့မရှိတော့ဘူး။ ဒီကြားထဲမှပဲပျောက်တာသေချာတယ်။ အစောင့်ရှိတော့ အစောင့်ကိုသွားမေးကြည့်တော့ ပျောက်နေတာကြာပြီ။ သူမသိဘူးလို့ပြောတယ်။ ကျမလဲဘာမှမပြောရဲဘူးပေါ့။ အိမ်ရောက်တော့အိမ်သားတွေကိုတော့ပြောပြတယ်။ သူများတွေကိုတော့မပြောရဲဘူးပေါ့။ ကျမတို့ကစနေနေ့ကတည်းကသိတယ်။ တနင်္ဂနွေနေ့ကျမှရွာထဲမှာမေးကြမြန်းကြနဲ့ တနလာင်္နေ့ကြမှ တစ်ရွာလုံးသိကုန်ပြီး သွားကြည့်ကြတာ အုတ်အော်သောင်နင်းဖြစ်သွားတာပေါ့။ ဘုရာပွဲလဲနီးလာမှ စိန်ဖူးပျောက်ရတယ်ဆိုတော့ဘယ်စိတ်ကောင်မလဲ။ ပျောက်သွားတဲ့စိန်ဖူးအမြန်ဆုံးပြန်တွေ့ချင်တာပေါ့” ဟု စက်စဲကျေးရွာနေသူမမြတ်မွန်မှပြောပြခဲ့သည်။

ပျောက်ဆုံးသွားသောစိန်ဖူးမှာလွန်ခဲ့သော ၂၀၀၄ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့တွင်ကျိုက်စောစေတီဘုရား၌ပူဇော်တပ်ဆင်ထားခြင်းဖြစ်ပြီး ထီးတော်နှင့် ငှက်မြတ်နားတော်တင်လူူပူဇော်စဉ်ကစိန်ဖူးတော်ဌာပနာအတွင်း၌ အလှူရှင် ၂၆၇ ဦးတို့မှလူူဒါန်းခဲ့သည့် လက်ဝတ်ရတနာများရှိနေကြောင်း၊ ကာလတန်ဖိုးသိန်း ၁၀၀၀ ခန့်ရှိကြောင်း ဂေါပကအဖွဲ့ဝင်တဦးက ဆိုုပါသည်။

ကျိုက်စောရေလယ်ဘုရားသည်ပင်လယ်အတွင်းရှိကွှန်းပေါ်၌တည်ထားသည့်ရှေ့ပောာင်းသမိုင်းဝင်စေတီတဆူဖြစ်ပြီး ပင်လယ်ဒီရေတက်ချိန်တွင်လူသွားလမ်းမှသွား၍မရပဲ ပင်လယ်ရေကျချိန်ရောက်မှသာ ပင်လယ်ကမ်းစပ်သဲသောင်ပြင်နုစ်ဆက်သွယ်ဖောက်လုပ်ထားသော လူးသွားလမ်းမှသွားလာ၍ရသည့် စေတီဖြင်သဖြင့်ဘုရာဖူးသူနည်းပါးသည်။ ဘုုရားပွဲရာသီတွင်သာ လာရောက်ဖူးမေ ျှာ်သူများပြားလေ့ရှိသည်။

ဘုုရားပွဲတော်အမှီ အခြားစိန်ဖူးအဟောင်းတစ်ခုဖြင့်အစားထိုးပြီး ဘုရားပွဲကိုအစီီစဉ်မပျက်လုပ်သွားရန် စီစဉ်နေသည်ဟုု သိရသ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။