မန္တလေးတွင် ဓါးရှည်ကြီးဖြင့်ထောက်ကာ ဖုန်းလုယက်မှုဖြစ်ပွား

ဇန်နဝါရီလ ၂၀ ရက်နေ့ ည၉နာရီလောက် က ဆိုင်ကယ်စီးနင်းလာသူအချို့က ဓါးရှည်ကြီးထောက်ပြီး မိဘပြည်သူများကို ဖုန်းလုယက်မှုဖြစ်ပွားခဲ့ပါတယ်။"ခေတ်ကြီးက တကယ်ဘဲ စိတ်မချရတော့တာလား?မလုံခြုံတော့တာလား ?ည၉နာရီလောက်က မောင်လေးက ဖုန်းဘေ သွားဝယ်တာကောင်လေး၂ယောက် msx ဆိုလား မသိပါဖူး နံပါတ်ပြားကမပါဖူး..

ပထမအစကတော့ လမ်းမသိလို့ မေးတာလိုလိုနဲ့လက်ထဲမာ ဓါးအရှည်ကြီး နဲ့ ထောက်ပီး ဖုန်းပြတဲ့ မင်း ငါ့ညီမကို နှောင့်ယှက်တဲ့ကောင်ဆိုပီး ငါ့ညီမက လိုက်ခုတ်ခိုင်းတာ ဆိုပီး မဟုတ်ဘူး ကောင်းကောင်းပြောပြတာကို ဖုန်းပေးတဲ့ မပေးရင် ခုတ်မာဆိုပီး ဖုန်းယူပီး ပြေးသွားတယ် ...အ့ကြောင့် ပြောချင်တာက လူကောင်းတွေလဲ ကိုယ့်ကိုယ်သာ ကာကွယ်ဖို့ တစ်ခု့ခု့ ဆောင် ထားသငိ့ပါတယ်..လူဒွေက အကျင့်စာရိတ္တ ပျက်ပြားနေပါပီ

တကယ်ကြောက်ဖို့ကောင်းပါတယ်..သတိထားကြပါ..၃၃လမ်း-၈၁-၈၂ကြား မှာဖစ်သွားတာပါ အော်လို့ကလဲ မရကိုယ့်ခုတ်သွားမှာလား က စိတ်က ထင့် ..ကိုယ့်ကိုယ်ကိူယ်သာ ကိုးကွယ်ရာတဲ့ ဆောင်ထားကြပါ မိတ်ဆွေ တို့..အမှောင်ထဲလဲမသွားပါနဲ့..လမ်းမေးတိုင်းလဲမဖြေကြပါနဲ့လို့ တိုက်တွန်းချင်ပါတယ်" ဆိုပြီး လုယက်ခံရသူရဲ့ လူမှုကွန်ယက်မှာရေးသားခဲ့ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။