မန္တလေးမြို့၏ အကြီးဆုံး Roller Coaster ကို ဖေဖော်ဝါရီလအတွင်း စတင်ဖွင့်လှစ်မည်

မန္တလေးမြို့ ၂၆ လမ်းရှိ မြို့တော်ဥယျာဉ် ခေတ်မီကစားကွင်းတွင် လူ ၂၁ ဦး လိုက်ပါ စီးနင်းနိုင်သည့် မန္တလေးမြို့၏ အကြီးဆုံး Roller Coaster ကို ဆောက်လုပ်လျက်ရှိပြီး ဖေဖော်ဝါရီလအတွင်း စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ မန္တလေးမြို့ရဲ့ ပထမဆုံး Roller Coaster ကြီးကို အခုထိတော့ တည်ဆောက်နေဆဲပါ။ တရုတ်ကုမ္ပဏီ တစ်ခုကနေ တာဝန်ယူ ဆောက်လုပ်နေတာပါ။ မကြာခင် ဖွင့်လှစ်သွားမှာပါ။ ရုံဝင်ခတွေ၊ လက်မှတ်စျေးနှုန်းတွေနဲ့ အခြားဝန်ဆောင်မှုတွေကတော့ အခုထိ မဆုံးဖြတ်ရသေးပါဘူး။ နေ့ဆိုင်းညဆိုင်းတွေ ခွဲပြီး အမြန်ဆုံး အပြီးသတ်နိုင်အောင် ဆောက်လုပ်နေပါတယ်။ သူနဲ့အတူ Water Slide ရေလွှာစီးတာကိုလည်း ဆောက်လုပ်နေပါတယ်။ ၂၀၁၇ ခုနှစ်အတွင်း အပြီးသတ် ဖွင့်လှစ်သွားမှာပါ” ဟု ကစားကွင်း၏ တာဝန်ခံမန်နေဂျာက ပြောကြားသည်။

Source: Eleven Media

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။