မျိုးကိုကိုစန်းကို သံသယနဲ့ဖမ်းဆီးခဲ့တဲ့အပေါ် ပြန်ဖြေရှင်းခဲ့တဲ့ဝတ်မှုံရွှေရည်၊ ပြောခဲ့တဲ့အကြောင်းအရာတွေကိုပကိသတ်တော်တော်များများကလက်မခံတဲ့အခါ၊ ရဲပေါ်ခေါင်းလွှဲချသလိုဖြစ်ပြီး ရဲဘက်ကနေ တုံ့ပြန်တဲ့အခါ ပရိသတ်တွေဘက်ကနေ ဝေဖန်မှုဟာ ပိုမိုမြင့်တက်လို့လာခဲ့ပါတယ်။

မကြာသေးခင်က သတင်းဌာနတစ်ခုကနေ ဝတ်မှုံရွှေရည်ကို အင်တာဗျူးခဲ့တဲ့အခါမှာ ဝတ်မှုံရွှေရည်ဘက်ကနေပြီး ဖြေရှင်းချက်အချို့ဟာ ပရိသတ်တွေလက်မခံနိုင်စရာဖြစ်ခဲ့ရပါတယ်။ ဝတ်မှုံရွှေရည်ကနေပြီး မျိုးကိုကိုစန်းဟာ ဖြူသလား၊ မည်းသလားတောင်မသိခဲ့ပါ၊ Cele cele small page နောက်က ကြိုးကိုင်သူကိုသာ ဖမ်းဆီးဖို့တိုင်တန်းခဲ့တာဖြစ်ပြီး မျိုးကိုကိုစန်းကိုဖမ်းခဲ့တာဟာ သူမသိဘဲ ရဲတွေရဲ့ဆုံးဖြတ်ချက်အနေနဲ့ ဖမ်းခဲ့တဲ့ပုံစံမျိုးနဲ့ ပြောကြားခဲ့တာကြောင့် ရဲအရာရှိတစ်ဦးကနေ Facebook မှာ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

အဆိုပါပြောကြားချက်ကို ပရိသတ်အမြောက်အမြားကနေပြီး ထပ်မံထောက်ခံခဲ့ပါတယ်။ ဝတ်မှုံဘက်ကနေ အားပေးပြီးဆက်လက်ပြောဆိုနေဆဲ ပရိသတ်တွေရှိနေပေမယ့် ဝတ်မှုံရွှေရည်ဟာ သူမကိုချစ်ခင်နေဆဲပရိသတ်အချို့ရဲ့ အထင်အမြင်လွဲမှားတာခံနေရဆဲဆိုတာတော့ သေချာပါတယ်။

Photo Source : Facebook

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။