လက်ရှိရေပန်းစားနေတဲ့ အောင်လအန်ဆန်းရဲ့ မစ်ဒယ်ဝိတ်ချန်ပီယံခါးပတ်လုပွဲကြီးကိုတော့ အားလုံးစိတ်ဝင်းစားနေကြပြီထင်ပါတယ်။

ရင်ထိပ်စရာပွဲတစ်ပွဲဖြစ်တာနဲ့အညီ အောင်လရဲ့ နိုင်ငံဂုဏ်ကာကွယ်မည့်ပွဲတစ်ပွဲလည်းဖြစ်နေပါတယ်။  

အောင်လအန်ဆန်ကတော့ လက်ရှိမြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိနေပြီဖြစ်ပြီး ပြိုင်ပွဲအတွက်ပြင်ဆင်မှုတွေပြုလုပ်နေကြောင်းသိရပါတယ်။ ဒီကနေ့ အောင်လအန်ဆန်းရဲ့ဖေ့စ်ဘွက်စာမျက်နှာပေါ်တွင် One Championship ကပြုလုပ်ပေးခဲ့တဲ့ ဗီဒီယိုဖိုင်လေးကြောင့်ပျော်ရွှင်ခဲ့ရကြောင်း ရေးသားထားတာတွေ့ရပါတယ်။ အဆိုပါ ဗီဒီယိုဖိုင်လေးမှာတော့ သားဖြစ်သူအောင်ဒီးနှင့်အမိမြေရှိအမျိုးတွေကို မိတ်ဆက်ပေးတဲ့ ဗီဒီယိုဖိုင်လေးဖြစ်ပြီး မြန်မာ့ရိုးရာ ဝတ်စုံလေးနဲ့ ချစ်စရာသားလေးရဲ့ ပုံရိပ်တွေကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။  

အောင်လရဲ့ဖေ့စ်ဘွက်စာမျက်နှာပေါ်တွင်

"ONE Championship ကဖန်တီးထားတဲ့ တစ်မိနစ်ခွဲစာဒီ Video လေးမှာ အောင်ဒီးနဲ့ ကျွန်တော့်ကြားက ချစ်ခြင်းမေတ္တာ ၊ ယုံကြည်မှူနဲ့ ရည်မှန်းချက်တွေအကြောင်းကို ခံစားနိုင်အောင် ဝေမျှပေးလိုက်ပါတယ်။" ဟူ၍ရေးသားထားတာပဲဖြစ်ပါတယ်။ မြန်မာ့ဂုဏ်ဆောင်ဖိုက်တာကြီးရဲ့မျိုးဆက်ဖြစ်သလို ပရိသတ်တွေရဲ့ အားထားရာ သူတစ်ယောက်ဖြစ်လာမယ့် အောင်ဒီးလေးရဲ့ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

Photos - Aung La

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။