မနေ့ကကစားခဲ့တဲ့ ချန်ပီယံကြီးဂျာမဏီနဲ့ တောင်ကိုးရီးယားတို့ပွဲမှာတော့ ပရိသတ်တွေပါးစပ်အဟောင်းသားဖြစ်လောက်အောင် တစ်ပွဲမှအနိုင်မရသေးတဲ့ တောင်ကိုးရီးယားက လက်၇ှိချန်ပီယံကြီး ဂျာမဏီကို 2-0 နဲ့အနိုင်ရပြီး ချန်ပီယံကြီးဂျာမဏီကို အိမ်ပြန်ပို့ပေးခဲ့ပါတယ်။တောင်ကိုးရီးယားအနေဖြင့် အနိုင်ရလဲ အိမ်ပြန်ရမှာဖြစ်ပေမဲ့ အကောင်းဆုံးပုံစံနဲ့ ကစားခဲ့ပါတယ်။
အခုတော့ တောင်ကိုးရီးယားက အိမ်ပြန်လမ်းကို လက်၇ှိချန်ပီယံကြီး ဂျာမဏီကိုပါ အပါခေါ်ဆောင်သွားခဲ့ပါတယ်။ဂျာမဏီအနေဖြင့် ပွဲချိန် အတော်များများ မှာ ဘောလုံး ပိုင်ဆိုင်မှု အသာ နဲ့ ဖိအားပေး ကစား နိုင်ခဲ့ပေမယ့် တောင်ကိုရီးယား အသင်း ရဲ့ နောက်တန်း နဲ့ ဂိုးသမား တို့ကဒီနေ့ပွဲမှာအာရှအသင်းပီပီ အကောင်းဆုံးခြေစွမ်းကိုပြသ ပြီးအာရှသားတွေလဲမခေဘူးဆိုတာဥရောပသားတွေကို ပြသခဲ့ပါတယ်။
အာရှသားတွေနဲ့ တောင်ကိုးရီးယားအသင်းအတွက်ဂုဏ်သိက္ခာဆည်ပေးခဲ့သူကတော့ နာကင်အချိန်ပိုမှာ ကင်ယုံဂွမ်း ၉၂ မိနစ် နဲ့ ဆန်ဟွန်မင်း က ၉၆ မိနစ်တွေ မှာ သွင်းယူ ပေးခဲ့ကြတာ ဖြစ်ပါတယ်။အခုတော့ တောင်ကိုးရီယားအသင်းဟာ ဂုဏ်သိက္ခာရှိရှိနဲ့ အိမ်ပြန်လာနိုင်ခဲ့ပြီဖြစ်ပါတယ်။ချန်ပီယံကြီး ဂျာမဏီကတော့ကမ္ဘာ့ဖလားကိုလက်ပြ နှုတ်ဆက်သွားပြီပဲ ဖြစ်ပါတယ်။
byebye : germany
source: google
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။