မုံရွာမြို့ကနေ မိုင်(၅၀)လောက် အလှမ်းဝေးတဲ့ အရာတော်မြို့နယ် ချင်ပင်ကျေးရွာအုပ်စု မန်းကျည်းလှရွာမှာ အိမ်ခြေ ( ၅၀ ) ကျော်လောက်သာရှိတဲ့အဆိုပါရွာလေးမှာမူလတန်းပညာရေးစနစ်ကို ကိုယ်ထူကိုယ်ထ သင်ယူရခဲ့ရပါတယ်။ ဒေသခံမိသားစုတွေဟာ စားဝတ်နေရေးအတွက် ထန်းတက်၊ ထန်းညှက်ချက်၊ ပဲစဉ်းငုံစိုက်ပြီး ရပ်တည်နေကြပါတယ်။ဆယ်တန်းအောင်ပညာတတ်ဆိုတာမရှိလောက်အောင်ရှားပါးပါတယ်။

ဒီနှစ်မှာတော့ ၂၀၁၇-၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျောင်းပြင်ပ (Non-formal Education) ပညာရေးစနစ်နဲ့ ဘောဂဗေဒဂုဏ်ထူးရပြီး၊ ရမှတ်စုစုပေါင်း ( ၄၃၂ )မှတ်နဲ့ မအိအိမွန်ဆိုတဲ့ ကျောင်းသူလေးတစ်ယောက် ပထမဆုံးအကြိမ် အောင်မြင်ခဲ့လို့ တစ်ရွာလုံးကဝမ်းသာအားရနဲ့ ဂုဏ်ပြုပေးခဲ့ပါတယ်။အပျော်တွေမဆုံးခင်မှာပဲ ဝမ်းနည်းမှုတွေကစတင်လာခဲ့ပြီဖြစ်ပါတယ်။ 

သူမရဲ့အိမ်မက်နဲ့ရည်ရွယ်ချက်က ပညာရေးတက္ကသိုလ် တက်ပြီး ဆရာ ဆရာမ မရှိတဲ့ကျေးရွာတွေမှာစာသင်ပြီး ကျောင်းဆရာမကောင်းတယောက်ဖြစ်လာဖို့ အိမ်မက်မက်ခဲ့သူပါ။မိဘတွေကတော့ စားဝတ်နေရေးကိုသာအနိုင်နိုင်ဖြေရှင်းနေရတာမို့ သူမရဲ့ အိမ်မက်ကတော့ ပျက်စီးလုလုဖြစ်နေပါပြီ။ သူမရဲ့ အိမ်မက်တွေ မပျက်စီးဘဲ အမြန်အကောင်အထည်ပေါ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ 

source : dvb

photo : Nyan Soe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။