သက္ကရာဇ်အမျိုးမျိုးရှိသည့်အထဲမှာမှ သာသနာနှစ်၊ ခရစ်နှစ်ဆိုတာတွေလည်းရှိသလို ဘီစီ ၊ အေဒီတို့လို ခုနှစ်တွေလည်းရှိပါတယ်။ သမိုင်းနှင့် အကြောင်းရာများ ဖတ်သည့်အခါ နားလည်လွယ်စေရန် နှင့် ဗဟုသုတရရှိစေရန်အတွက် သက္ကရာဇ်အမျိုးအစားကို ဖော်ပြလိုက်ပါတယ်။ သက္ကရာဇ်အမျိုးအစား (၆)မျိုးရှိပီး ၎င်းတို့မှာ မဟာသက္ကရာဇ် ၊ သာသနာနှစ်၊ ကောဇာသက္ကရာဇ်၊ ခရစ်နှစ် ၊ ဘီစီ နဲ့ အေဒီ တို့ပဲဖြစ်ပါတယ်။ 

မဟာသက္ကရာဇ်ဆိုတာ ဘုရားမပွင့်ခင်ကာလကို ခေါ်ဆိုတာဖြစ်ပါတယ်။ ဘုရားအလောင်း သိဒ္ဒတ္ထမင်းသားရဲ့ အဘိုး အဉ္စနမင်းကြီးနဲ့ ကာလဒေဝီရသေ့တို့ သတ်မှတ်ခဲ့တဲ့နှစ်ကို မဟာသက္ကရာဇ်လို့ခေါ်တာဖြစ်ပါတယ်။ ဗုဒ္ဓမြတ်စွာဘုရားအလောင်းကို မဟာသက္ကရာဇ် (၆၈)ခုနှစ်မှာ မီးရှူးသန့်စင်ဖွားမြင်တော်မူခဲ့ပါတယ်။ 

သာသနာနှစ်

မြတ်စွာဘုရား ပရိနိဗ္ဗာန်ံစံတော်မူပြီးနောက် ပထမဆုံးအကြိမ် သင်္ဂါနာယနာ တင်သောနှစ်၊ အရှင်မဟာကဿပမထေရ် နဲ့ အဇာတသတ်မင်းကြီးတို့ထားခဲ့တဲ့နှစ်ကို သာသနာနှစ် (သို့မဟုတ်) သာသနာသက္ကရာဇ်လို့ခေါ်ကြပါတယ်။ 

ကောသက္ကရာဇ်

ကောဇာသက္ကရာဇ်ကတော့ လက်ရှိမြန်မာလူမျိုးတို့သုံးနေတဲ့ မြန်မာသက္ကရာဇ်ပဲ ဖြစ်ပါတယ်။ မြန်မာသက္ကရာဇ်လို့ကောဇာသက္ကရာဇ် ဟာ နှစ်ခါဖြိုချခြင်းခံခဲ့ရပါတယ်။ ပထမသင်္ဂါယနာတင်ခဲ့တဲ့နှစ်မှ စတင်ရေတွက်ခဲ့တဲ့ သက္ကရာဇ်ကို (၆၂၂)ခုအရောက် သရေခေတ္တရာခေတ်သုမုန္ဒရီမင်းလက်ထက်မှာ ပထမအကြီမ်ဖြိုခဲ့ပါတယ်။ အဲဒီကနေ စတင်ရေတွက်လာရာ သက္ကရာဇ် (၅၆၀)ခုနျစ်အရောက်၊ ပုဂံခေတ် ပုပ္ပါးစောရဟန်းမင်းလက်ထက်မှာ ဒုတိယအကြိမ် ထပ်ဖြိုခဲ့ပါတယ်။

ခရစ်နှစ်

သာသနာသက္ကရာဇ် (၅၄၄) ခုနှစ်အရောက်မှာ ခရစ်တော်ကို မွေးဖွားခဲ့ပါတယ်။ ထိုအချိန်ကနေ စတင်ရေတွက်သောနှစ်ကို ခရစ်နှစ်လို့ခေါ်ပါတယ်။  

ဘီစီ

ဘီစီဆိုတာရဲ့ အဓိပ္ပါယ်က (Before Christ) ခရစ်တော်မပေါ်ခင် ရေတွက်ခဲ့တဲ့ နှစ်များကို ဆိုလိုပါတယ်။ ခရစ်တော်ကို ဘီစီ (၆၂၃) ခုနှစ်မှာဖွားမြင်တော်မူခဲ့ပါတယ်။

အေဒီ

အေဒီဆိုတာကတော့ ခရစ်တော်မွေးဖွားပြီး နောက် ရေတွက်တဲ့နှစ်ကိုဆိုလိုတာ ဖြစ်ပါတယ်။ အေဒီရဲ့ အဓိပ္ပါယ်ကတော့ (Anno Domini) ဖြစ်ပါတယ်။ Anno Domini ဆိုတာ “ငါတို့ဘုရားသခင်ရဲ့ နှစ်”လို့ အဓိပ္ပါယ်ရပါတယ်။

Source : Sixth Sense

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။