ယာဉ်​ထိန်​ရဲက နံပါတ်​တုတ်​ဖြင်​့လှမ်​းရိုက်​​သော​ကြောင်​့ လူငယ်​တစ်​ဦးအသက်​​သေဆုံး

ဖြစ်​စဉ်​မှာ ရန်​ကုန်​တိုင်​း​ဒေသကြီး၊ ဒလမြို နယ၊် မြိုမတစ်ရပ်ကွတ်တွင်နေထိုင်သူ ကိုဇော်မင်း မလီိုင်လှိုင်၏သား မောင်ထူးအောင် ခ ထူးထူးအောင် အသက် ၁၉ နှစ် နှင်​့ မောင်ဝေဠုကျော်​ အသက် ၁၈ နှစ်တို့သည် (၁၄.၁.၂၀၁၇)ရက်​ စ​နေနေ့တွင် လှိုင်သာယာမြို့နယ်​မှဒလမြို့သို့ပြန်လာစဉ်

တာကြီးကျောင်းစုယာဉ်​ထိန်​းရုံးအနီး ဆ်​ုင်​ကယ်​စီးဦးထုပ်မဆောင်းဘဲ ​မောင်​းနှင်​သူများအား ဖမ်းနေသည်ကိုမြင်၍

၎င်းတို့စီးလာသည်​့ဆိုင်​ကိုယ်​ကို ပြန်လှည့်လာစဉ် ဆောင်းကဖီးဆိုင်ရှေ့အ​ရောက်​ ယဉ်ထိန်းရဲ အောင်ထက်ပိုင်ဦးက နံပါတ်​တုတ်ဖြင့်ထွက်ရိုက်​သဖြင်​့

ဆိုင်​ကယ်​အနောက်မှစီးနင်းလာသော မောင်ထူးအောင်အားရိုက်မိကာ

ရှေ့သို့ထိုးကျသွားပြီး ဆိုင်ကယ်​လည်​း ​မှောက်သွား​ကြောင်​း၊ ဆိုင်ကယ်မောင်​းနှင်​သူ ဝေဠုကျော်၏ဦး​ခေါင်းကွဲသွားပြီး

တုတ်​ဖြင်​့ရိုက်​ခံရပြီးပြုတ်​ကျသွားသူ မောင်ထူးအောင်မှာ သတိပြန်မလည်လာတော့​ကြောင်​း၊

၎င်းယဉ်ထိန်းရဲသည်​ သတိ​မေ့ပြီးလဲ​နေသူ မောင်ထူးအောင်အား ခြေထောက်ဖြင့်ကန်၍ သေမှအေးသည် ဟုပြော​ကြောင်း၊ ထိခ်​ုက်​ဒဏ်​ရာရ​နေသူများကို အခင်းဖြစ်နေရာမှ ​ဆေးရုံသို့မပို့သေးပဲ လှည်​့ကင်​းကား ​ရောက်​လာသောအခါမှသာ ၎င်းလူနာ ၂ ဦးအား ဒလဆေးရုံသို့ပို့ပြီးထားခဲ့​ကြောင်​း၊

တာဝန်သိပြည်သူများကလိုက်လာပြီး

ရန်ကုန်အရေးပေါ်ဌာနသို့ပို့​ပေးကာ မိဘများထံသို့ ဖုန်းဆက်အကြောင်းကြားသဖြင့်

မိဘများက ဆေးရုံသို့လိုက်သွားခဲ့​ကြောင်​း၊

​မောင်ထူးအောင်​အား ဓာတ်မှန်ရိုက်ရာ

၇၀ ရာခိုင်နှုန်း မကောင်းတော့ပါဘူးဟု ပြော​ကြောင်​း၊ အောက်စီဂျင်ပေးနေရင်း

(၁၆.၁.၂၀၁၇) နေ့လည် (၁၁း၅၀)တွင် ဆေးရုံ၌ကွယ်လွန်သွား​ကြောင်​းသိရသည်​။ 

ဆိုင်​ကယ်​​မောင်​းနှင်​သူ မောင်ဝေဋ္ဌုကျော်မှာ ခေါင်း၌ ၃ ချက်​ ချုပ်ရပြီး အာမခံဖြင့်ပြန်လွှတ်​ပေးကာ

ရိုက်နှက်​သူယဉ်ထိန်းရဲက မောင်ဝေဠုကျော်အား ပုဒ်မ ၂၇၉.၃၃၇.၃၃၈ ဖြင့် တရားစွဲထားပြီး မောင်ထူးအောင် သေဆုံးသွားသောအခါ

ပုဒ်မ ၃၀၄ ဖြင့် စွဲချက်ပြန်တင်ထား​ကြောင်​း၊ သေဆုံးသူ မောင်ထူးအောင်၏ ဖခင်သည်​ ၎င်း၏သားဖြစ်​သူမှာ ယာဉ်​ထိန်​းရဲက တုတ်​ဖြင်​့ရိုက်​သဖြင်​့ ဆိုင်​ကယ်​​နောက်​မှပြုတ်​ကျပြီး ​သေဆုံးသွားရခြငး်​ဖြစ်​​ကြောင်​းကို မျက်မြင်သက်သေများစွာ

ရှိသောကြောင့် ဒလမြို့နယ်​ရဲစခန်းသို့ သွားရောက်အမှုဖွင့်သောအခါ

ယာဉ်ထိန်းရဲက အမှုဖွင့်ထားသဖြင့် ​သေးဆုံးသူဘက်မှ အမှုဖွင့်၍ မရဟု ပြောကြောင်​းသိရသည်​။

အသက်​အန္တရာယ်​ကင်​းရှင်​း​စေရန်​ ဆိုင်​ကယ်​စီးနင်​းသူများအား ဦးထုပ်​​ဆောင်​း​စေရန်​ ပညာ​ပေးခြင်​းနှင်​့ လိုက်​နာခြင်​းမရှိသူများအား အ​ရေးယူခြင်​းပြုရန်​ ဥပ​ဒေပြဌာန်​ုးထားသည်​ကို အခွင်​့အ​ရေးယူလျှက်​ မ​လျော်​ကန်​စွာဖြင်​့ တုတ်​ဖြင်​့ရိုက်​ဖမ်​းခြင်​း​ကြောင်​့ ဆိုင်​ကယ်​​မှောက်​၍ အသက်​​သေဆုံးသည်​အထိဖြစ်​​စေရခြင်​း၊ ​ယာဉ်​ထိန်​းရဲ၏မဆင်​မခြင်​ ရမ်​းကားရိုက်​နှက်​ ဖမ်​း​ဆီးခြင်​းကြောင်​့ ဆိုင်​ကယ်​​မှောက်​ပြီး အရိုက်​ခံရသူမှာ အသက်​​သေဆုံးရသည်​ကို ဆိုင်​ကယ်​​မောင်​းသူလူငယ်​အ​ပေါ် အပြစ်​ပုံချရန်​ကြိုးစားခြင်​းသည်​ လုပ်​က်ိုင်​ခွင်​့တာဝန်​ကို အသုံးချပြီး တရားဥပ​ဒေကို ချိုး​ဖောက်​ခြင်​းသာဖြစ်​သည်​။ 

ယာဉ်​ထိန်​းဖြစ်​သူ ​အောင်​ထက်​ပို်​င်​ဦး၏ မဆင်​မခြင်​ရမ်​းကားမှု​ကြောင်​့ လူငယ်​တစ်​ဦးမှာ အသက်​ဆုံးရှုံးလိုက်​ရပြီး ကျန်​လူငယ်​တစ်​ဦးမှာလည်​း မ​လျော်​ကန်​​သောပုဒ်​မဖြင်​့ တရားစွဲဆိုခံရခြင်​းသည် တပ်​ဖွဲ့အ​ပေါ် ပြည်​သူလူထု၏ ယုံကြည်​​လေးစားမှုပ​ပျောက်​​စေသည်​့အတွက်​ အမှုမှန်အတိုင်​းသာဖြစ်​​စေရန်​ အထူးလိုအပ်​ပါ​ကြောင်​း....

Source: Crime Case

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။