တစ်ပတ်အတွင်း တောင်းပန်စာဖော်ပြပေးရန် မျိုးကိုကိုစန်း၏ မိခင်ပြောကြား

ထိပ်တန်းမင်းသမီး ထပ်ဆင့်အကယ်ဒမီ ဝတ်မှုန်ရွှေရည်အား လူမှုကွန်ယက်မှတဆင့် Cele Cele Small အမည်ရ Page မှ ဂုဏ်သိက္ခာညှိုးနွမ်းအောင် မဟုတ်မမှန်သတင်းများ ရေးသားဖော်ပြခဲ့ရာ ထိုကိစ္စအပေါ် မကျေနပ်၍ ဝတ်မှုန်ရွှေရည်ဘက်မှ တိုင်ကြားခဲ့ကြောင်း သိရသည်။ ရဲစခန်းမှ အလှမယ် မျိုးကိုကိုစန်းအား သံသယရှိသူအနေဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ သို့သော်လည်း သက်သေခိုင်လုံမှုမရှိသဖြင့် ပြန်လွှတ်ပေးခဲ့ရပြီး ယခုအခါ အလှမယ် မျိုးကိုကိုစန်းဘက်မှ သတင်းစာရှင်းလင်းပွဲပြုလုပ်လျက်ရှိသည်။

ယနေ့ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် အလှမယ် မျိုးကိုကိုစန်း၏ မိခင်က နစ်နာအောင် တရားလိုလုပ်တိုင်ကြားသူမှ နိုင်ငံပိုင်သတင်းစာတွင် တစ်ပတ်အတွင်း တောင်းပန်စာဖော်ပြရမည်ဟု ပြောကြားခဲ့သည်။ တိုင်ကြားသူနှင့်ပတ်သတ်၍ မေးမြန်းခဲ့သောလည်း မည်သူမည်ဝါဖြစ်ကြောင်း တိတိကျကျပြောကြားခဲ့ခြင်း မရှိပေ။

ကဲ တစ်ပတ်အတွင်း တောင်ပန်တာမျိုးမလုပ်ဘူးဆိုရင်တော့ ပြန်တရားစွဲတော့မယ် ထင်တယ်နော့………

Source: Myo Ko Ko San

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။