တရုတ်နိုင်ငံ၌ ၂ဝ၁၆ ခုနှစ် နှစ်ကုန်ပိုင်းအထိ မိုလ်ဘိုင်းဖုန်းမှတဆင့် အင်တာနက်အသုံးပြုသူ ဦးရေမှာ နိုင်ငံ့လူဦးရေ၏ ထက်ဝက်ကျော်ပမာဏ (၆၉၅ သန်းကျော်) ထိရှိခဲ့ကြောင်း ဇန်နဝါရီလ ၂၂ ရက်က ထုတ်ပြန်သော တရားဝင်စာရင်းများအရ သိရသည်။

ပြီးခဲ့သော ၃ နှစ်တာကာလအတွင်း တရုတ်နိုင်ငံ၌ မိုလ်ဘိုင်းဖုန်းမှတဆင့် အင်တာနက်အသုံးပြုသူဦးရေသည် နှစ်စဉ် ၁ဝ ရာခိုင်နှုန်းကျော်ထိ မြင့်တက်လာခဲ့ကြောင်း တရုတ်နိုင်ငံအင်တာနက်ကွန်ရက်သတင်းအချက်အလက်စင်တာ ( CINIC) ၏ ထုတ်ပြန်ချက်အရ သိရသည်။

လွန်ခဲ့သောနှစ်က တရုတ်နိုင်ငံ၌ မိုလ်ဘိုင်းဖုန်းမှတဆင့် ငွေပေးချေမှုပြုလုပ်သူ ဦးရေသည် ၄၆၉ သန်းထိရှိခဲ့ရာ ၂ဝ၁၅ ခုနှစ်ကထက် ၃၁.၂ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့သည်။

လက်ရှိတွင် တရုတ်နိုင်ငံသား ရ၃၁ သန်းသည် အင်တာနက်အသုံးပြုနေကြရာ နိုင်ငံ့လူဦးရေ စုစုပေါင်း၏ ၅၃.၂ ရာခိုင်နှုန်းအထိ ရှိနေကြောင်း ၊ ကမ္ဘာ ့အင်တာနက်အသုံးပြုသူဦးရေထက် ၃.၁ ရာခိုင်နှုန်း နှင့် အာရှနိုင်ငံများ၏ အင်တာနက်အသုံးပြုသူဦးရေထက် ရ.၆ ရာခိုင်နှုန်း အသီးသီး ပိုများနေကြောင်း သိရသည်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။