စိုင်းစိုင်းခမ်းလှိုင် ဆိုတာ မြန်မာနိုင်ငံမှာ အအောင်မြင်ဆုံး လူကြီးလို့ပြောလို့ရပါတယ်။ ဖြတ်သန်းလာတဲ့ သူ့ရဲ့ အနုပညာ သက်တမ်းတလျှောက်မှာ နာမည်ဆိုးဆိုတာ မရှိသလောက်ရှားသလို ခေတ်နှင့် အမှီလိုက်နိုင်တာကလည်းချီးကျူးစရာပါဘဲ။ ပျိုမေလေးတွေရဲ့ အသဲစွဲလို့ပြောလို့ရသလို သူ့ကို ချစ်တဲ့ အမာခံပရိသတ်တွေရှိနေတယ်ဆိုတာလဲမမှားပါဘူး။

အမြဲ ၁၈ နှစ်ပါလို့ ဖြေနေကြဆိုပေမယ့်လဲ အသက်အရွယ်ရလာတဲ့ စိုင်းစိုင်းတစ်ယောက် ကို သူ့သူငယ်ချင်း ဆွေမျိုးအသိုင်းအဝန်းတွေက အိမ်ထောင်မပြုတော့ဘူးလားလို့မေးကြမှာ အမှန်ပါဘဲ။ထိုသူတွေအတွက် စိုင်းစိုင်းကပေါ်တင်ကြီး လက်ထပ်ခွင့်တောင်းလိုက်ပါတယ်တဲ့။ Will you marry me? ဆိုတဲ့ သီချင်းကို Cherry FM အခွေမှာ ထည့်သွင်းသွားမှာဖြစ်တယ်လို့သိရပါတယ်။

စိုင်းစိုင်းသီချင်းကို နားထောင်ချင်ကြတဲ့ သူတွေအတွက်တော့ သတင်းကောင်းပဲပေါ့။ ဘယ်သူ့ကို ရည်ရွယ်ပြီး ရေးထားတာလဲဆိုတာကတော့ သိတဲ့ သူတွေသိကြမှာပေါ့နော်.....

anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။