" နံနက်ခင်းအလင်းရဲ့ ပန်းလေးထက်ကို ပိုမွေးတာ ချစ်သမီးလေးရဲ့ ပါးနုနုလေး လေးပြင်မှာ၊ ငှက်ကလေးများရဲ့ တေးသီချင်းထက်ကို ချိုမြတာ ချစ်သမီးလေးရဲ့ စကားလေးများ ကြားစဉ်အခါ ..." ဆိုတဲ့သီချင်းလေးကြားတိုင်း ဦးငှက်ရဲ့ သမီးလေးကို မြင်ယောင်မိကြမှာပါ။ သူဖန်တီး သီဆိုခဲ့တဲ့ သီချင်းကောင်းတွေအများကြီးထဲကမှ သူ့ရဲ့သမီးငယ်လေး မိကွန်ထော အတွက်သီဆိုခဲ့တဲ့ " တုနှိုင်းမဲ့ ရတနာ " ဆိုတဲ့ သီချင်းလေးဟာ ဖခင်တစ်ယောက်ရဲ့ မေတ္တာတရားတွေကို မီးမောင်းထိုးပြနေတဲ့ သီချင်းကောင်းလေးတစ်ပုဒ်ဘဲဖြစ်ပါတယ် ။

လူ့လောကကြီးကနေ ထွက်ခွာသွားတာ နှစ်တွေ အကြာကြီး ကြာခဲ့ပြီ ဆိုပေမဲ့လည်း ဖခင်မေတ္တာကို ငတ်မွတ်သွားရတဲ့ သမီးလေး တစ်ယောက်ရဲ့ ရင်ထဲက လွမ်းဆွတ်တမ်းတမှုတွေက တော့ ဝင်ခံစားကြည့်လို့ ရမှာပါ။ ယနေ့ဟာ ဂီတလောကရဲ့ ဆရာတစ်ပါး ဖြစ်တဲ့ လူသေသော်လည်း နာမည် မသေတဲ့ တေးသံရှင် ထူးအိမ်သင် ( ခေါ် ) ဦးငှက်ရဲ့ အသက်(၅၅) နှစ် ပြည့် မွေးနေ့ ဖြစ်ပါတယ်။

ဂီတလောကရဲ့ နမြောတသ ဆုံးရှူံးမှုကြီးတစ်ခု ဖြစ်သလို ဦးငှက် လူ့လောကထဲက ထွက်သွားခဲ့တာ ( ၁၄) နှစ် ရှိပြီ ဆိုပေမဲ့လည်း သူသီဆိုခဲ့တဲ့ သီချင်းလေးတွေတော့ နောင်းလူတွေ စံထားရာ သီချင်းလေးတွေ အဖြစ် ယနေ့တိုင် မဟောင်းပဲ ကျန်ရှိနေဆဲ ဖြစ်ပါတယ်။ ယနေ့ ၊ ဇူလိုင် လ ၁ ရက်နေ့ မှာ ကျရောက်တဲ့ ဦးငှက်အတွက် ကျန်ရစ်သူ သမီးလေး မိကွန်ထော မှ ဘုရား သွားကုသိုလ် ပြုလုပ်ခဲ့သလို သူမအနေနဲ့ ဖခင်တမ်းတမှုတွေ ကို ဝမ်းနည်းဖွယ် တွေ့မြင်ခံစားရပါတယ်။ သူမရဲ့ Facebook စာမျက်နာထက်မှာ" ပျော်ရွှင်ဖွယ် (၅၅) နှစ်ပြည့် မွေးနေ့ ပါ ဖေဖေ၊ ဖြစ်နိုင်ရင် အနားမှာ အတူရှိစေချင်ပါတယ်၊ ဖေ ဘာတွေပဲ လုပ်နေပြီး ဘယ်ကိုပဲ ရောက်နေပါစေ၊ အမြဲတမ်းပျော်ရွှင် ငြိမ်းချမ်းပါစေ၊ သမီး နဲ့ မေမေကတော့ သိပ်ကို လွမ်းနေပါတယ် "လို့ ဝမ်းနည်းဖွယ် ဆုတောင်းလေးတွေ တွေ့ရပါတယ်။ ဦးငှက်အတွက် ကောင်းရာမွန်ရာဘဝမှာ ပျော်ရွှင်ငြိမ်းချမ်းနေဖို့ ဆုတောင်းပေးသလို ချစ်ခြင်းအားဖြင့် တုနှိုင်းရတနာ သီချင်းလေးကို ဖော်ပြပေးလိုက်ရပါတယ်။

source: mikhun htaw;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။