ဆင်းရဲလွန်းသောကြောင့် တစ်မိသားစုလုံး သေကြောင်းကြံစည်

( တောင်သာမြို့နယ် ဆီမီးကန်ကျေးရွာက မိသားစုတစ်စုလုံး သေကြောင်းကြံစည်မှု့ ။ တစ်ဦးသေဆုံး ၄ ဦး ဆေးကုသမှု့ ခံယူနေရ )

မိသားစုတစ်စုလုံး သေကြောင်းကြံစည်

---------------

တောင်သာမြို့နယ် ဆီမီကန်ကျေးရွာ၌ မိသားစုတစ်စုသည် တီဘီရောဂါ ခံစားနေရ၍ စိတ်ဓါတ်ကျကာ သေကြောင်းကြံစည်မှု ဇန်နဝါရီ၂၁ရက် နံနက် ၁ဝနာရီအချိန်ခန့်က ဖြစ်ပွားခဲ့ရာ တစ်ဦးသေဆုံးပြီး လေးဦး ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

ဖြစ်စဉ်မှာ -

တောင်သာမြို့နယ် ဆီးမီးကန်ရွာနေ ခင်ပွန်းဖြစ်သူ ကျော်ကျော်ထွန်း။

ဇနီးဖြစ်သူ မပု။ သားဖြစ်သူ ဇင်ကိုထက်။ ဝင်းထက်။ သမီးဖြစ်သူ မဝင်းစန္ဒာ တို့သည် ဆီမီးကန်ကျေးရွာချောင်း၏ အရှေ့ဘက်ခြမ်းရှိ မကြည်အေး၏ ပဲစင်းငုံယာခင်းအတွင်း၌ ဓါးဒဏ်ရာများနှင့် လဲနေသည်ကိုတွေ့ရပြီး သမီးဖြစ်သူမှာ သေဆုံးနေသည်ကို တွေ့ရှိရကြောင်း သိရသည်။

မိဘနှစ်ပါးဖြစ်သူသည် တီဘီ ဆေးယဉ်ပါးရောဂါခံစားနေရ၍ ဆေးကုသမှု ခံယူနေရပြီး ဆက်လက်ဆေးကုသနိုင်ခြင်းမရှိ၍၄င်း၊

ဆင်းရဲနွမ်းပါသည့်ဒဏ်ကို မခံနိုင်၍၎င်း စိတ်ဓါတ်ကျကာ လင်မယားနှစ်ယောက်တိုင်ပင်လျက် ကလေးများအား ကြွက်ဆေးနှစ်ထုပ်စီ ရေဖြင့် ဖျော်တိုက်ကာ ၎င်းတို့ကိုယ်တိုင်လည်း သောက်ခဲ့ကြောင်း ထို့နောက် သားသမီးများ၏လည်ပင်း။ ဦးခေါင်းတို့အား ဓါးဖြင့် ခုတ်ခဲ့ကြပြီး လင်မယားချင်းလည်း အပြန်အလှန်ခုတ်ခဲ့ခြင်းဖြစ်ကြောင်း ဇနီးဖြစ်သူ၏ပြောပြချက်အရ

သိရသည်။

အဆိုပါဖြစ်စဉ်ကြောင့်

ကျော်ကျော်ထွန်း (၃၇)နှစ် (မစိုးရိမ်ရ)မှာ

ဦးခေါင်းယာဘက်ခြမ်း ဓါးဒဏ်ရာ (၈)ချက် ဦးခေါင်းနောက်ဖက်ခြမ်း ဓါးဒဏ်ရာ (၉)ချက်

မပု (၃၈)နှစ် (မစိုးရိမ်ရ)မှာ

ဦးခေါင်းရှေ့ခြမ်းဓါးဒဏ်ရာ (၁၁)ချက် ဦးခေါင်းနောက်ဘက်ခြမ်း ဓါးဒဏ်ရာ (၇)ချက်

မဝင်းစန္ဒာ(၁)နှစ်(သေဆုံး)မှာ

လည်ပင်းတွင် ဓါးဒဏ်ရာ (၁)ချက် ဦးခေါင်းထိပ် ဖူးယောင်ချိုင့်ဝင်ဒဏ်ရာ (၁)ချက်

ဇင်ကိုထက်(၈)နှစ်(မစိုးရိမ်ရ)မှာ

ဦးခေါင်းပတ်လည် ပြတ်ရှဒဏ်ရာများ (၈)ချက်

ဝင်းထက်(၄)နှစ်(မစိုးရိမ်ရ)မှာ

လည်ပင်းပြတ်ရှဒဏ်ရာ (၁)ချက် ဦးခေါင်းဝဲခြမ်း ပြတ်ရှဒဏ်ရာ (၉)ချက် နဖူးထိပ် ပြတ်ရှဒဏ်ရာ(၁)ချက်

ရရှိခဲ့၍ တောင်သာဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း

သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ တောင်သာမြို့မရဲစခန်းမှ

(ပ)၁၀/၂၀၁၇၊ရာဇသတ်ကြီးပုဒ်မ- ၃၀၂/၃၀၇/၃၂၆ ဖြင့် အရေးယူ

ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

Credit - ထွန်းလင်းမီဒီယာ တောင်သာ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။