အမြန်လမ်းတွင် ကားမီးလောင်၍ ရုတ်တရက်ဆုံးပါးသွားသော သူများ၏ နောက်ဆုံးခရီး

အမြန်လမ်းတွင် ကားမီးလောင်၍ ရုတ်တရက်ဆုံးပါးသွားသော ရုပ်အလောင်းများအား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ သွားရောက်ကူညီ

(၂၁.၁.၂၀၁၇) နံနက် ရး၃၀ နာရီအချိန်ခန့်က မြန်လမ်း ၄ မိုင် ၂ဖာလုံတွင် ရန်ကုန်-မန္တလေး အမြန်လမ်းအတိုင်း ပုဂံညောင်ဦးမှ ရန်ကုန်ဘက် သို့မောင်းနှင်လာသော (အန်စာတုံး)မော်တော်ယာဉ်တစ်စီးလမ်းဘေးတွင် ကာရံထားသော သံဘောက်တန်းများအား တိုက်မိပြီး မီးလောင်းကျွမ်းမှု

ဖြစ်ပွားခဲ့သည်။

ထိုကားမီးလောင်မှုကြောင့် ယာဉ်မောင်းသူအပါအဝင် ကျား(၁)ဦး၊

မ(၇)ဦး စုစုပေါင်း(၈)ဦးသေဆုံးခဲ့ပြီး အမျိုးသား(၁)ဦး လွတ်မြောက်ခဲ့ကြောင်းသိရှိရသည်။

အဆိုပါ မီးလောင်မှုကြောင့် ကွယ်လွန်သွားသောကွယ်လွန်သူ(၈)ဦး၏ ရုပ်အလောင်းများအား ကောင်းမွန်စွာ သင်္ဂြိုလ်ပေးနိုင်ရန်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ နိဗ္ဗာန်ယာဉ် (၈)စီး၊ ရှှေ့ပြေးယာဉ်(၁)စီး စုစုပေါင်း ယာဉ်(၉)စီးဖြင့် လှည်းကူးပြည်သူ့ဆေးရုံမှ ရေဝေးသုသာန်သို့ ပို့ဆောင်၍ ညနေ(၅း၃၀) အချိန်ခန့်တွင် ကြွင်းကျန်ရစ်သော ရုပ်ကလာပ် (၈)ဦး၏ စျာပနအခမ်းအနားအား ကူညီဖေးမမှုပေးခဲ့ပါသည်။

နာရေးကူညီမှုအသင်း-ရန်ကုန်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။