လူငယ်အကြိုက်သီချင်းတွေနဲ့ လူသိများတဲ့ အဆိုတော် Mi Sandi တစ်ယောက် ဒီတစ်ခါလည်း ပရိသတ်အကြိုက်တွေ့စေမယ့် သီချင်းသစ်တစ်ပုဒ်နဲ့ မိတ်ဆက်လိုက်ပါတယ်။ဒီသီချင်းကို MiSandi က သူ့ရဲ့ပရိသတ်တွေအတွက် July 1ရက်နေ့မှာပဲ စတင်မိတ်ဆက်ပေးခဲ့ပါတယ်။အရင်က ရည်းစားဟောင်းကိုမိုးရွာတိုင်းသတိရနေတဲ့သူတွေ၊ မိုးရာသီအမှတ်တရရှိတဲ့သူတွေအတွက်တကယ် အကြိုက်တွေ့စေမှာပဲဖြစ်ပါတယ်။

သီချင်းလေးနာမည်ကတော့ ''မိုးမိမှာစိုးတယ်''တဲ့ ။ဒီသီချင်းလေးက အရင်ကရှိပြီးသားဖြစ်တဲ့ သားသားရဲ့ သီချင်းကိုChorus ပြန်ယူထားပြီး Verse တွေကိုတော့ Mi Sandi ကိုယ်တိုင်ရေးပြီးဆိုထားတာပဲဖြစ်ပါတယ်။ Mi Sandi ကိုယ်တိုင်အစအဆုံးသေချာရေးထားပြီး သားသားကိုယ်တိုင်ပြန်တီးပေးထားတာပဲဖြစ်ပါတယ်။ သီချင်းလေးကရိုးရိုးအေးအေးနဲ့ လွမ်းလွမ်းဆွေးဆွေးလေးဖြစ်တာကြောင့် နားထောင်လိုက်တာနဲ့ မိုးရာသီအငွေ့အသက်ကို ခံစားရစေမှာဖြစ်ပါတယ်။

''အရင်ကလို အနားမှာ ဂရုစိုက်ခွင့် မရှိတော့လည်း... အဝေးကပဲ စိတ်ပူနေရတာပေါ့..'' ''မိုးကြိုးတွေတည့်တည့်ပစ်ချလိုက်သလို နှလုံးသားဟာ မီးများကျွမ်းလို့ မဲညို အချိန်တွေအရမ်းကိုကြာခဲ့ပေမယ့် မေ့လို့မရနိုင်ဘူး'' ဆိုတဲ့သီချင်းစာသားလေးတွေက တကယ်ကိုရင်ထဲထိစေပါတယ်။မိုးရွာတိုင်း ပိုလွမ်းပိုဆွေးတတ်သူတွေဖို့ နားဆင်သင့်တဲ့ သီချင်းကောင်းလေးလို့ထင်ပါတယ်။ ချစ်တဲ့ပရိတ်သတ်ကြီးလဲ MiSandiရဲ့ ''မိုးမိမှာစိုးတယ်'' ဆိုတဲ့ single သီချင်းသစ်လေးကို နားဆင်ကြည့်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

source:Mi Sandi ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။