အမျိုးသမီးရေးရာအဖွဲ့ကကျင်းပပြုလုပ်တဲ့ " မြန်မာနိုင်ငံအမျိုးသမီးများနေ့ " အထိမ်းအမှတ် ပွဲမှာ နာမည်ကျော်အဆိုတော်သရုပ်ဆောင်တွေလည်း ဖြစ် ညီအမတွေလည်းဖြစ်ကြတဲ့ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ စန္ဒီမြင့်လွင်နဲ့ စိုးပြည့်သဇင်တို့ လေးယောက်သား အတူတူဖျော် ဖြေခဲ့ကြတာပဲဖြစ်ပါ တယ်။ လေးယောက်လုံးက ပရိသတ်အချစ်တော်တွေဖြစ်ပြီး အနုပညာ လမ်းကြောင်းမှာ လျှောက်လှမ်းနေကြတာ အချိန်အတိုင်းအတာတစ်ခုထိ ကြာမြင့်ခဲ့ကြပြီ ပဲဖြစ်ပါတယ်။

ညီမလေးယောက် အင်္ကျ ီပုံစံဆင်တူလေးတွေနဲ့ အရမ်းကိုချစ်စရာကောင်းလွန်းနေပါတယ်။ ညီမလေးယောက်အတူတူ " ရတနာမြေ " သီချင်းကို အတူတူသီဆိုခဲ့ကြတာဖြစ်ပါတယ်။ ကိုယ့်သွေးရင်းသားရင်းတွေနဲ့ စင်မြင့်ထက်မှာ အခုလို အတူတူဖျော်ဖြေနေရတဲ့ Feeling ကတော့ တကယ် ပျော်ရွှင်နေမှာအသေအချာပါပဲ။ သူမတို့လေးယောက်ရဲ့အပြုံးလေးတွေ က တကယ်ကိုချိုမြိန်ပြီး အသက်ဝင်လွန်းနေပါတယ်။

သူမတို့ရဲ့ဖျော်ဖြေမှုပုံရိပ်လေးတွေကို " မနေ့ကအမျိုးသမီးရေးရာပွဲမှာရတနာမြေသီချင်းနဲ့ ဖျော်ဖြေကြတယ် " ဆိုပြီး စန္ဒီမြင့်လွင်က သူမရဲ့ Facebook မှာ တင်ထားတာဖြစ်ပါတယ်။ ဆင်တူအင်္ကျ ီလေးတွေနဲ့ အရမ်းကိုချစ်ဖို့ကောင်းလွန်းတဲ့ သူမတို့လေးယောက်ရဲ့ ဖျော်ဖြေ မှုပုံရိပ်လေး တွေကို ပရိသတ်ကြီးလည်း ထပ်တူမြင်တွေ့နိုင်အောင် တင်ဆက်ပေးလိုက်ပါ တယ်။

Photo - Sandy Myint Lwin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။