ပရိသတ်ကြီးရေ .. တစ်ခေတ်တစ်ခါက ပရိသတ်တွေရင်ထဲမှာနေရာယူခဲ့တဲ့ မျက်ဝန်းပြာပြာ လေးနဲ့ချစ်စရာကောင်းတဲ့ မေလေး ဆိုတဲ့ မော်ဒယ်မင်းသမီးချောလေး ဇင်ဇင်ဇော်မြင့်ကို မှတ်မိဦးမယ်ထင်ပါတယ်နော် ။ သူမရဲ့ပြာလဲ့လဲ့မျက်ဝန်းလေးကြောင့် ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့တဲ့ မော်ဒယ်မင်းသမီးလေးတစ်လက်ဆိုလည်းမမှားပါဘူး ။ ပုလဲဝင်း ၊ ဆုရွှန်း လဲ့ ၊ သင်းသင်းယုလှိုင်တို့နဲ့အပြိုင်ခေတ်စားခဲ့တဲ့ ခေတ်ပြိုင်မင်းသမီးတစ်လက်လဲဖြစ်ပါတယ် ။

သူမဟာ အိမ်ထောင်ပြုပြီးနောက်ပိုင်း အနုပညာအလုပ်တွေ ခေတ္တရပ်နားခဲ့ရာကနေ အခု တစ်ခါမှာတော့ အနုပညာလောကထဲကို တကျော့ပြန်ဝင်ရောက်လာတာ ဖြစ်ပါတယ် ။ သူမ ရဲ့ တစ်ကျော့ပြန် အနုပညာခြေလှမ်းအစအနေနဲ့ " ရာဇဝင်ရိုင်းခဲ့သည် " ဆိုတဲ့ ရုပ်ရှင်ကား ကြီးမှာ ခင်နန်းစံဆိုတဲ့ နာမည်နဲ့ အချစ်ကို သိပ်ပြီး ခမ်းခမ်းနားနားတန်ဖိုးထားတတ်လွန်းတဲ့ မိန်းမတစ်ယောက် ဖြစ်ပြီး သူ့မာနကိုတော့ မထိပါးလေနဲ့ မီးပွင့်သွားမယ်ဆိုတဲ့ မာနမင်းသမီး တစ်ယောက်ရဲ့ ကာရိုက်တာနဲ့ ပါဝင်ခဲ့ပါတယ် ။ အနုပညာခြေလှမ်းတွေ ကျဲနေရာနေ အခုလို ပထမဆုံးပြန်ရိုက်ကူးတဲ့ရုပ်ရှင်ကားကြီးကိုကြည့်ရမှာ စိတ်လှုပ်ရှားစရာပါဘဲ ။

အခုလို တစ်ခေတ်တစ်ခါက ပရိသတ်ချစ်ကြတဲ့ မျက်ဝန်းပြာပြာနဲ့မင်းသမီးလေးကတော့ အခုဆိုတည်ငြိမ်ရင့်ကျက်တဲ့မိန်း မတစ်ယောက်အဖြစ် အနုပညာလောကထဲပြန်ဝင်လာလို့ သူမရဲ့ပရိသတ်တွေကတော့အရမ်းကို ဝမ်းသာနေကြပါတယ် ။ နောက်ပိုင်းမှာလည်း အနုပညာအလုပ်တွေ အများကြီးကိုဆက်လက်လုပ်ကိုင်သွားဦးမယ့် သူမကို ချစ်ပရိတ်သတ်ကြီးက အားပေးလိုက်ကြပါဦးနော် ။

Source : Zin Zin Zaw Myint

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။