အဆိုတော် ဖြူဖြူကျော်သိန်းဟာ တစ်ခေတ်တစ်ခါအချိန်ကသာ မဟုတ်ပဲ ယနေ့ချိန်ထိ အသံပါဝါကောင်းကောင်းနဲ့ ဖက်ရှင်အဆန်းအသစ်များနဲ့ ပရိတ်ရဲ့ အားပေးမူကိုတစ်ခဲနက် ရရှိခဲ့ပီး အောင်မြင်ကျော်ကြားနေတဲ့ အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။အဆိုတော်တစ်ယောက်အဖြစ် အနုပညာလောကမှာကျော်ကြားရုံမကပဲ ပညာရပ်ပိုင်းမှာပါ ဆရာဝန် တစ်ယောက်ဖြစ်ထူးချွန်သူ ဖြစ်ပါတယ် 

ပြင်သစ်နိုင်ငံကို အလည်အပတ်ရာက်ရှိနေတဲ့ သူမဟာ "Lavenders in town" ဆိုပီး " ဘုရားကျောင်းသွားရင်း လမ်းက လာဗန်ဒါပန်းခင်းတွေ့လို့ဓာတ်ဖမ်းခဲ့တယ်ဆိုပီး" လာဗန်ဒါပန်း တွေနဲ့အပြိုင် လှပနေတဲ့သူမရဲ့ ချစ်စရာပုံလေးများကို လူမူကွန်ရက် ဖေ့ဘွစ်စာမျက်နှာမှာ သူမရဲ့အကောင့်မှာတစ်ဆင့်တင်ထားခဲ့ပါတယ်။ပြင်သစ်နိုင်ငံမှာ အလွန်ပျော်နေတဲ့ သူမရဲ့ ချစ်စရာ ပုံလေးတွေကိုလည်း သူမရဲ့ ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ပရိတ်သတ်တွေကို ပြန်လည်မျှဝေပေးခဲ့ပါတယ်။

အနုပညာလောကမှာသူမရဲ့အသံပါဝါကောင်းကောင်းနဲ့သီဆိုတဲ့ သီချင်းတွေကို ပရိတ်သတ်ရင်ထဲ အရောက်ပို့ပေးနိုင်ခဲ့သလိုမျိုး ပညာတက်တစ်ယောက်အဖြစ် ရင့်ကျက်စွာတွေးခေါ်တက်တဲ့သူမဟာ အရမ်းကိုလေးစားအားကျဖို့ကောင်းပါတယ်။ဖြူဖြူကိုချစ်တဲ့ ပရိတ်သတ်ကြီးတွက် ပြင်သစ်မှာပျော်နေတဲ့ သူမရဲ့ ပုံရိပ်လေးတွေကိုမျှဝေပေးလိုက်ပါတယ်။

source:  Phyu Phyu Kyaw Thein

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။