အကြောင်းအမျိုးမျိုးကြောင့် ဗိုလ်ချုပ်အောင်ဆန်း အထ္တုပ္ပတ္တိ ရုပ်ရှင်ဟာ ရိုက်ကူးမှုတွေရပ်တန့်နေခဲ့ပြီး ဗိုလ်ချုပ်ကို ပိတ်ကားပေါ်မှာ ပြန်လည်အသက်သွင်းစေချင်ကြတဲ့ မြန်မာတစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ ဝေဖန်မှုတွေ ၊ ထောက်ပြပြောဆိုတာတွေကိုလည်းကြုံတွေ့နေခဲ့ရတာဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း အထ္တုပ္ပတ္တိရုပ်ရှင်အတွက် ဗိုလ်ချုပ်အောင်ဆန်းရဲ့ နေရာကနေသရုပ်ဆောင်ခဲ့တဲ့ ကျော်ကျော်မျိုးတစ်ယောက် Myanmarload နဲ့တွေ့ဆုံစဉ်မှာ ဒီနှစ်ပိုင်းသူဘယ်လိုဖြတ်သန်းနေခဲ့သလဲဆိုတာကို ပြောပြပေးခဲ့ပါတယ်။ မျော်လင့်ချက်တွေများစွာနဲ့ သူပါဝင်ကြိုးစားခဲ့ရတဲ့ ဗိုလ်ချုပ်ရုပ်ရှင်ဟာ ပိတ်ကားထက်မှာပေါ်ထွက်ဖို့လမ်းစလည်း ပျောက်ဆုံးသွားခဲ့ပေမယ့် ဗိုလ်ချုပ်ဇာတ်ကောင်အတွက် ခြောက်နှစ်ကျော်ကြာပေးဆပ်ရတဲ့အရင်းအနှီးက ကြီးမားတယ်လို့လည်း သူက ဆိုပါတယ်။

ရှမ်းယူနိုက်တက်အသင်းမှာ ဘောလုံးကန်ရင်းအလုပ်ဖြစ်ခဲ့တဲ့ ကျော်ကျော်မျိုးတစ်ယောက် ဗိုလ်ချုပ်ဇာတ်ကောင်အဖြစ် အရွေးအချယ်ခံခဲ့ရပြီးနောက်ပိုင်း ဝင်ငွေကောင်းပြီးဝါသနာပါတဲ့အလုပ်ကို စွန့်လွှတ်လိုက်ရပေမယ့် ရှမ်းယူနိုက်တက်အသင်းက သူ့ကို ၂၀၁၇ ခုနှစ်အကုန်အထိဘောလုံးသမားတစ်ယောက် အဖြစ် လစာတွေထောက်ပံ့ပေးခဲ့တယ်လို့လည်းသိရပါတယ်။ အခုလိုထောက်ပံ့တာကိုမခံရရင် သူ သာမက သူတို့မိသားစုဘဝပျက်လုနီးပါးအခြေအနေတွေကို ရင်ဆိုင်ရမှာဖြစ်တယ်လို့အခိုင်အမာဆိုပါတယ်။ ကားရိုက်နားထားတဲ့ကာလ ဝင်ငွေ မရှိချိန်မှာ အမျိုးသားဇာတ်ရုံ ဝန်ထမ်းလိုင်းခန်း မှာနေရတဲ့ သူတို့မိသားစုဘဝအတွက် ကူညီပေးခဲ့ကြသူတွေကို ကျေးဇူးတင်ကြောင်း လည်းဆိုထားပါသေးတယ် ။ ရုပ်ရှင်ကားရိုက်နားတာနဲ့ ပတ်သက်ပြီးတရားဝင် အကြောင်းကြားတာမျိုးကို လည်းမရခဲ့ကြောင်း သူကဆိုပါတယ်။ ဗိုလ်ချုပ် ကာရိုက်တာ ပီပြင်စေဖို့ ဗိုလ်ချုပ်သွားခဲ့တဲ့ နတ်မောက်ဒေသ နဲ့ ပင်လုံဒေသတွေအထိ ကိုယ့်စားရိတ်နဲ့ကို သွားရောက်လေ့လာခဲ့ရကြောင်းကိုလည်းရင်ဖွင့်ထားပါသေးတယ်။

လတ်တလောမှာ ဗိုလ်ချုပ်ရုပ်ရှင်ပြန်လည်ရိုက်ကူးတော့မှာဖြစ်တဲ့အတွက် ဘဝပျက်ချင်ပျက်ပါစေ အစွမ်းကုန်အားခဲပြီး အဘက်ဘက်က ကြိုးစားနေကြောင်း ကိုလည်းအတည်ပြုပြောဆိုခဲ့ပါသေးတယ် ။ ဗိုလ်ချုပ်ရုပ်ရှင်အတွက် ကမ္ဘာကျော် အတ္ထုပ္ပတ္တိဇာတ်လမ်းတွေဖြစ်တဲ့ ဂန္ဒီ ၊ Iron Lady ၊ လင်ကွန်း စတာတွေကို အခေါက်ခေါက်အခါခါ ကြည့်ရင်းလေ့လာနေတယ်လို့ဆိုပါတယ်။ ပိတ်ကားထက်မှာ မြန်မာတစ်နိုင်ငံလုံး လေးစားရတဲ့ လွတ်လပ်ရေးဖခင်ကြီး ကိုနာရီပိုင်းစာလောက် မြင်ရဖို့အရေး ကျော်ကျော်မျိုးရဲ့ ပေးဆပ်ရခြင်းတွေကတော့ လေးစားဂုဏ်ယူစရာပါ ။ပရိသတ်ကြီးရေ ကျော်ကျော်မျိုးအတွက် လေးစားဂုဏ်ပြုတဲ့ စကား၊ အားပေးတဲ့ မေတ္တာစကားလေးများ ပြောချင်ကြတယ်ဆိုရင် မှတ်ချက်မှာ ရေးသားပေးကြပါနေ်ာ။

Exclusive on Myanmarload

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။