ပရိသတ်ကြီးရေ လာမယ့်ဇူလိုင်လ ၈ ရက်နေ့မှာပြုလုပ်မယ့် Sedona Wedding Fair ပွဲကြီးမှာတော့ ဒီဇိုင်နာ ညိမ်းကို ကလည်း သူဖန်တီးချုပ်လုပ်ထားတဲ့ ဝတ်စုံလေးတွေကို ပါဝင်ပြသသွားမယ်လို့သိရပါတယ်။

မနှစ်တုန်းကဆိုရင်လည်း ဒီဇိုင်နာညိမ်းကိုဟာ ထိုပွဲကြီးမှာ မြန်မာဝတ်စုံလေးတွေဖန်တီးချုပ်လုပ်ပြီး မင်းသမီး ၈ ယောက်နဲ့ ပါဝင်ပြသခဲ့တဲ့အပြင် သူရဲ့ဝတ်စုံတွေဟာ ပရိသတ်တွေကြားမှာ အရမ်းရေပန်းစား လူကြိုက်များခဲ့တာပဲဖြစ်ပါတယ်။

ဒီနှစ်မှာဆိုရင်တော့ ဒီဇိုင်နာ ညိမ်းကိုဟာ အရင်နှစ်တဲ့ မတူညီတဲ့ ပုံစံတစ်ခုအနေနဲ့ မင်္ဂလာဆောင် ပွဲတက်ဂါဝန်လေးတွေဖန်တီးထားသလို ထိုဝတ်စုံလေးတွေကိုလည်း ဖေဖေအနုပညာရှင်တို့ရဲ့ သမီးချောချောလေးတွေနဲ့ ပြသသွားမှာပဲဖြစ်ပါတယ်။

ထိုပွဲမှာတော့ ညိမ်းကိုဟာ အကယ်ဒမီယွန်းယွန်း ၊ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ မင်းမော်ကွန်းရဲ့ သမီးလေး လေပြေသွေး ၊ ရုပ်ရှင်သရုပ်ဆောင် ဦးအရိုင်း ရဲ့သမီးလေး ပျိုပျိုမေ ၊ တေးသံရှင်ကိုဖိုးကာရဲ့ သမီးလေး ဖူးဖူးသစ်၊ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီကျော်ရဲအောင်ရဲ့သမီးလေး မှုံနံသာကျော်ရဲအောင် ၊ နာမည်ကြီးတေးရေးဆရာ ကိုဇဝါ ရဲ့သမီးလေး ပိုပိုဟေသာ ၊ ဝါရင့်အနုပညာရှင် အကယ်ဒမီမို့မို့မြင့်အောင်ရဲ့ တူမလေး ဝါဆိုမြင့်အောင် ၊တေးသံရှင် အဲလက်စ်ရဲ့သမီးလေး Dora Alex ၊ အနုပညာရှင်ဝါဆိုမိုးဦးရဲ့ ညီမလေး သင်ဇာ တို့အတူ သူဖန်တီးချုပ်လုပ်ထားတဲ့ ဝတ်စုံတွေကို ပြသသွားမှာပဲဖြစ်ပါတယ်။  

အခု ရွေးချယ်ထားတဲ့ အနုပညာရှင်လေးတွေဟာ လူမှုကွန်ယက်ပေါ်မှာသာမက ပရိသတ်တွေကြားမှာလည်း ရေပန်းစားလူကြိုက်များနေတဲ့ အလှပဂေးလေးတွေဖြစ်တာကြောင့် ဒီဇိုင်နာညိမ်းကို ဖန်တီးထားတဲ့ ဝတ်စုံလေးတွေဝတ်ဆင်လိုက်တဲ့အခါ ဘယ်လောက်ထိအလှကြီးလှနေမလဲဆိုတာကတော့ စိတ်ဝင်စားစရာအရမ်းကောင်းလှပါတယ်။

အခုလိုမျိုးအလှပဂေးလေးတွေကို စုံစုံညီညီနဲ့ ပြုလုပ်တဲ့ပွဲလေးတွေဟာဆိုရင်လည်း အင်မတန်ရှားလှတာကြောင့် မျက်မြင် ကိုယ်တွေ့ကြည့်ရှုချင်ကြတဲ့ ပရိသတ်တွေလည်းများစွာရှိနေကြပါတယ်။

ဆယ်ကျော်သက်အနုပညာရှင်လေးတွေ ပေါင်းစည်းမယ့် ထိုပွဲလေးရောက်ရင်လည်း တစ်ဦးနဲ့တစ်ဦး ဘယ်လိုအပြိုင်တွေလှနေကြမလဲဆိုတာ ဆက်လက်မျှဝေပေးသွားပါမယ်လို့ပြောကြားရင်း သူတို့ရဲ့ပုံရိပ်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။ 

source - Nyein Ko 

photo Credit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။